Better Burma ဝင်ငွေခွန်ကင်းလွတ်ခွင့်တရားဝင်ဖြစ်ပြီ

ကျနော်တို့ Better Burma ကို အမေရိကန် ပြည်တွင်းအခွန်ဝန်ဆောင်မှုရုံး IRS က 501 (c) (3) အဖွဲ့ အစည်းအဖြစ် သတ်မှတ်လိုက်ပြီ ဆိုတာကို စာဖတ်သူများသို့ သတင်းကောင်းပါးလိုက်ပါတယ်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံအတွက် မိတ်ဆွေတို့ လှူဒါန်ံးငွေအားလုံး အတိတ်ကပေးခဲ့တဲ့ အလှူငွေများ အပါအ၀င်ကို တရားဝင်အခွန်ကင်းလွတ်ခွင့်အဖြစ် တောင်းခံနိုင်ပါပြီ။ 

ကျွန်တော်တို့အတွက် အလားအလာရှိသော အလှူရှင်များနှင့် ထောက်ပံ့ကြေးငွေများ ပိုကျယ်ကျယ်ပြန့်ပြန့် ရှာနိုင်လာမှာဖြစ်ပြီး မြန်မာပြည်သူများအတွက် ဆထက်တန်ဖိုးတိုးတက် လှူဒါန်းလာနိုင်တော့မည် ဖြစ်ပါသည်။ 

အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ အခွန်ကင်းလွတ်ခွင့်လျှောက်လျင် အနည်းဆုံးလချီကြာ၍ တချို့ တနှစ်နီးပါးအထိ စောင့်ရတတ်သည်။ အထူးသဖြင့် ကိုဗစ်ကူးစက်ရောဂါကြောင့် နှောင့်နှေးမှုများ  နေရာ တကာရှိနေချိန်တွင် အမြန်ကျဖို့မလွယ်ပါ။  သို့သော် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ အကျပ်အတည်းနှင့် အရေးပေါ်လိုအပ်နေမှုများကို ညွှန်ပြ၍ အလျင်အမြန်ပြုလုပ်ပေးပါရန် တောင်းဆိုခဲ့၍  ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ IRSက အတည်ပြုခဲ့သည်။ 

ကျေးဇူးပြုပြီး မိတ်ဆွေတို့ရဲ့ကွန်ယက်မှာ ဒီသတင်းကောင်းကို ဖြန့်ပေးကြပါလို့။  ပူးပေါင်းရန်ပုံငွေရှာဖွေဖို့ အခွင့်အလမ်းများ ပိုရှိလာပြီမို့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါပြီ။ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ပံ့ပိုးရာမှာ ပိုကြီးတဲ့အခန်းကဏ္ဍကနေ ရှေ့ရှောက် ပါဝင်လာနိုင်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။ 

Shwe Lan Ga LayComment