ကယားပြည်နယ်စစ်ပြေးဒုက္ခသည်များအတွက်ကူညီကယ်ဆယ်ရေး

ကယားပြည်နယ်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အပြင်းအထန်တိုက်ခိုက်ခံနေရတဲ့  တိုင်းရင်းသား ဒေသများထဲမှာ ထိပ်ဆုံးကပါနေပါသည်။ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့အကြား ပြင်းထန်တဲ့ တိုက်ပွဲများကြောင့် လူပေါင်းများစွာ ထွက်ပြေးနေကြရပြီး ဒီဒုက္ခသည်များ အတွက် အရေးတကြီး အကူအညီများစွာ လိုအပ်လာခဲ့သည်။  

ဒီစစ်ပြေးရှောင် ဒုက္ခသည်များ (အမျိုးသမီးများ၊ ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများအပါအ၀င်) ထိုင်းနိုင်ငံနယ်စပ် လုံခြုံတဲ့နယ်မြေကို ရောက်ဖို့ တောတောင်များကို ရက်ပေါင်းများစွာ မကျက်တကျက် ဆန်ကိုစားပြီး တပင်တပန်း ကျော်ဖြတ်ကြရသည်။ ဒီခက်ခဲကြမ်းတမ်းတဲ့ခရီးမှာ သောက်သုံး ရေသန့် ကလည်း ရှားပါးပြီး လမ်းခရီးမှာ လူပေါင်းများစွာ စနစ်တကျကုသခံယူမှု မရ၍ ပြင်းထန်စွာဖျားနာ ခဲ့ကြသည်။

စခန်းများသို့ ရောက်သည့်တိုင် အမိုးအကာမလုံတဲ့ ယာယီတဲတွေနဲ့ ဖြစ်သလိုနေကြရပြီး ဆိုးရွားတဲ့ သောက်ရေသုံးရေ ပြတ်လပ်မှုကို ခါးစီးခံရပြန်သည်။

Better Burma မှ ဒီတောတွင်းဒုက္ခသည် IDP များ အတွက် နေ့စဉ်လိုအပ်တဲ့ ထောက်ပံ့ကယ်ဆယ်ရေး ပစ္စည်းများ၊ ရေသန့်ဗူးများ၊ သူနာပြု ဆေးသေတ္တာများ၊ ပတ်တီးများ၊ ကိုဗစ်နှင့် ငှက်ဖျားရောဂါ ကာကွယ်ရေး ပစ္စည်းများ (လက်သန့်ဆေးများ၊ ခြင်ထောင်၊ ခြင်ဆေးစသည်) နှင့် လက်နှိုပ်ဓာတ်မီးများ လှူဒါန်းနိုင်ခဲ့သည်။ 

အခုလို မြန်မာနိုင်ငံကို ပံ့ပိုးကူညီပေးတဲ့ အလှူရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။ ဒီဒုက္ခသည် လူပေါင်းများစွာအတွက် အကျိုးဆောင်ပေးတဲ့ စေတနာ့ဝန်ထမ်းများ အားလုံးကိုလည်း အထူးလေးစား ကျေးဇူးတင်ရှိပါသည်။

Shwe Lan Ga LayComment