ကျယ်လောင်စွာဟစ်ကြွေးပါ၊ မြန်မာ!

ကမ္ဘာတဝှမ်းရှိ အနုပညာရှင်များက သူတို့ရဲ့အစွမ်းအစနဲ့အရည်အချင်းတွေကို သုံးပြီး မြန်မာနိုင်ငံရှိ ဆန္ဒပြပွဲတွေကိုထောက်ခံဖို့ တတ်နိုင်သမျှလုပ်ဆောင်နေကြပါတယ်။ အဲဒီထဲမှာ မကြာသေးခင်ကမှ ထုတ်လိုက်တဲ့ Make Noise Myanmar 2 အယ်လ်ဘမ်မှာ ကမ္ဘာအရပ်ရပ်က ဂီတပညာရှင်များရဲ့ သီချင်းပေါင်း ၇၈ ပုဒ်ပါဝင်ပါတယ်။ သူတို့က အဲဒီပူးပေါင်းမှုကို အခုလိုပြောပြပါတယ်။

"Make Noise Myanmar" က  Seah နဲ့ Mykel Boyd တို့အကြား ပူးပေါင်းစီစဉ်တဲ့ mixtape style စုစည်းပေါင်းစပ်ထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ လူအများသိလာအောင်နဲ့ အဲဒီမှာရှိတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေရှာတဲ့ ရည်ရွယ်ချက်လဲ ဖြစ်ပါတယ်။

အယ်လ်ဘမ်အပြင် ဆန္ဒပြအဝတ်အစားတွေလဲ ဝယ်ယူနိုင်ပြီး Make Noise Myanmar ကရရှိတဲ့ အကျိုးအမြတ်တစ်စိတ်တစ်ပိုင်းကို Better Burma nonprofit ကထောက်ပံ့ဖို့ကြိုးစားနေတဲ့ များစွာသော အရေးပေါ်လိုအပ်တဲ့နေရာတွေအတွက်  ပံ့ပိုးပေးမယ်လို့ ဂတိပြုပါတယ်။

Picture1.jpg
Shwe Lan Ga LayComment