မိတ်ဆွေတို့ရဲ့အလှူစစ်ကိုင်းတောင်ကိုရောက်ပါပြီ

မန္တလေးမြို့ပြင် ၄၅ မိနစ်လောက်သွားရတဲ့ စစ်ကိုင်းတောင်ဟာ  အလည်အပတ်ရောက်ဖူးတဲ့ ကမ္ဘာ အရပ်ရပ်က တရားထိုင်ယောဂီတိုင်း အထူးသတိရဖွယ်ဖြစ်စေပါတယ်။ ရှေးရာစုနှစ်များစွာကတည်းက တရားကျင့်ကြံလိုတဲ့သံဃာတော်တွေ လူ့ဘောင်လောကီအဖွဲ့အစည်းနဲ့ ရှေးရိုးစွဲသံဃာအဖွဲ့အစည်းက ကင်းဝေးရာ ဒီစစ်ကိုင်းချောင်မှာ လာရောက်တရားအားထုတ်ရာ အေးချမ်းတဲ့နေရာဖြစ်ပါတယ်။ စိတ်ရဲ့ အနက်ရှိုင်းဆုံးမှာရှိတဲ့ ကိလေသာတွေကို ကျင့်ကြံဖယ်ရှားရင်း တရားအစစ်အမှန်ကို ရှာဖွေခဲ့တဲ့သူများရဲ့ သမိုင်းအငွေ့အသက်တွေက ၂၁ ရာစုမှာတောင်ရှိနေတုန်းဖြစ်ပါတယ်။ ရှေးဘုန်းကြီးကျောင်းကလေးတွေရဲ့ အမိုးအောက်ကကျွန်းသားဒိုင်းတွေနဲ့ လူသွားလမ်းရဲ့ အုတ်တံတိုင်းတွင်းမှာ ထည့်ထားတဲ့ ကျောက်တုံးတွေထဲက ဒီအငွေ့အသက်တွေကို လာရောက်သူတွေ ခံစားနိုင်တုန်းဖြစ်ပါတယ်။ ဒီနေရာကို သွားရောက်ဖူးတဲ့ ယောဂီတိုင်းနီးပါး မမေ့နိုင်တဲ့နေရာလဲဖြစ်ပါတယ်။

ယနေ့စစ်ကိုင်းတောင်က သံဃာတော်တွေနဲ့ သီလရှင်တွေဟာ မြန်မာ့သမိုင်းရှုထောင့်ကြည့်ရင် ဘယ်လိုမှဖြစ်နိုင်ဖွယ်မရှိတဲ့ ခက်ခဲကျပ်တည်းတဲ့ကာလနဲ့ တကယ်ဘဲကြုံနေရပါတယ်။  ဒုတိယကမ္ဘာစစ်ရဲ့ ငရဲကဲ့သို့ကာလအတွင်းမှာပင် စစ်ကိုင်းတောင်ဟာ လုံခြုံအေးချမ်းတဲ့ခိုလှုံရာအရပ် ဖြစ်ခဲ့တယ်ဆိုတာကို မမေ့သင့်ပါ။ အဲဒီအချိန်မြန်မာခေါင်းဆောင်များက ဗြိတိသျှတို့ကို ဒီမြင့်မြတ်တဲ့နေရာကို ရှောင်ရှားပြီး  အနီး ၀န်းကျင်မှာသာ စစ်ဆင်ရေးပြုလုပ်ဖို့ တောင်းပန်ခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်က ဘုန်းတော်ကြီးများနဲ့ နိုင်ငံ့တရားအမွေအနှစ်တွေကို လေးစားခြင်းကင်းမဲ့စွာ ရွံရှာဖွယ်ပြုမူခဲ့တာတွေကို ကျွန်တော်တို့အားလုံး နိုင်ငံတဝှမ်းတွေ့မြင်ခဲ့ရပြီးဖြစ်သလို ဒီစစ်ကိုင်းတိုင်း တစ်ခုလုံးနဲ့ စစ်ကိုင်းမြို့လယ် သီတဂူအကယ်ဒမီက ခဲတပစ်စာနေရာမှာလဲ အပြစ်မဲ့သူတွေကို စစ်သားတွေ လက်မတွန့်ဘဲ သတ်ဖြတ်ခဲ့တာကို တွေ့ရပါတယ်။ တစ်ချိန်က လေးစားခံခဲ့ရတဲ့ သီတဂူဆရာတော်ဟာ ဒီအဖြစ်ဆိုးကို နှုပ်ပိတ်နေခဲ့ပါတယ်။

မြို့အထက် တောင်ကုန်းပေါ်ကဆိုင်းဘုတ် “မြင့်မြတ်သောသူတော်စင်များတရားကျင့်ရာနေရာ” က သတိပေးထားသလို သံဃာတော်တွေနဲ့ သီလရှင်တွေ စစ်တပ်ရဲ့ တိုက်ရိုက်အကြမ်းဖက်မှုကို ရင်မဆိုင်ရသေးပေမဲ့ အခုအခါ သူတို့မှာ ရိက္ခာနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေ အလွန်ပြတ်လပ်နေတာ ကိုတော့  ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့ရဲ့ ရန်ပုံငွေအချို့ကို ယုံကြည်စိတ်ချရတဲ့ အဆက်အသွယ်က တဆင့်လွှဲပြောင်းလှူဒါန်းခဲ့ပါတယ်။ သူက ထရပ်ကားတစ်စီးငှားရမ်းပြီး လိုအပ်တာတွေအပြည့်တင်ပြီး လွန်ခဲ့တဲ့အပတ်က ဘုန်းကြီးကျောင်းများနဲ့သီလရှင်ကျောင်းများ (အောက်ဖေါ်ပြပါစာရင်းကိုကြည့်ပါ) ကိုပို့ဆောင် လှူဒါန်းခဲ့ပါတယ်။ 

စစ်ကိုင်းတောင်များက ဆင်းသက်လာတဲ့ ဓမ္မရဲ့အကျိုးအမြတ်တွေ ခံစားခဲ့ရတဲ့ ကျွန်တော်တို့ တရားအားထုတ်သူယောဂီတွေကို အကျိုးများစွာပေးခဲ့တဲ့ဒီနေရာကို ပြန်လည်ပေးဆပ်ဖို့ အခွင့်အလမ်း ပေါ်ပေါက်လာတဲ့အချိန်မှာ မည်သူမဆိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ လှူဒါန်းပေးဖို့ ကျေးဇူးပြု၍ စဉ်းစားစေချင်ပါတယ်။ လိုအပ်ချက်ဟာ အခုအချိန်မှာ အလွန်အရေးကြီးနေပါတယ်။ မိတ်ဆွေတို့ရဲ့ ရန်ပုံငွေက စစ်တပ်က ပြည်သူလူထုကို နှိမ်နင်းထိုးစစ်ဆင်နေစဉ် ဒီကျောင်းများမှာ သံဃာတွေ လုံခြုံစွာခိုလှုံနိုင်စေရန်အတွက် အသက်ကယ်မှုတစ်ခုဖြစ်ပါတယ်။  

သွားရောက်လှူဒါန်းခဲ့တဲ့ စစ်ကိုင်းတောင်ဘုန်းကြီးကျောင်းများနဲ့သီလရှင်ကျောင်းများစာရင်း -

၁။ ပညာမဏ္ဍိုင် သီလရှင်ကျောင်း

၂။ ရတနာသိဂီ (၁) သီလရှင်ကျောင်း သိင်္ဂီ

၃။ ရတနာသိဂီ (၂) သီလရှင်ကျောင်း

၄။ သာသနာ့ဂုဏ်ရည် သီလရှင်ကျောင်း

၅။ ရွှေရတနာ သီလရှင်ကျောင်း

၆။ ကေတုမတီသဘာဝရိပ်သာ သီလရှင်ကျောင်း

၇။ အောင်မင်္ဓလ ဘုန်းကြီးကျောင်း

၈။ စိတ္တသုခ ဘုန်းကြီးကျောင်း

၉။ ဇမ္ဘူအေး ဘုန်းကြီးကျောင်း

၁၀။ ဝေနေယသုခ ဘုန်းကြီးကျောင်း

၁၁။ မင်းသိဒ္ဓိ ဘုန်းကြီးကျောင်း

၁၂။ နိုးကြား ဘုန်းကြီးကျောင်း

၁၃။ ပရိက္ကမချောင် ဘုန်းကြီးကျောင်း

၁၄။ ရွာဦး ဘုန်းကြီးကျောင်း

၁၅။ ပစ္စေတယုံ ဘုန်းကြီးကျောင်း

၁၆။ ရေပတိုင်း ဘုန်းကြီးကျောင်း

၁၇။ ရွာဦး ဘုန်းကြီးကျောင်း

၁၈။ လပြည့်ဝန်း သီလရှင်ကျောင်း

၁၉။ ဝါးခယ်မ သီလရှင်ကျောင်း

၂၀။ အနောက် DH သီလရှင်ကျောင်း

 
Picture1.jpg
Picture1.jpg
Shwe Lan Ga LayComment