မကွေးတိုင်းသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက CDM ဝန်ထမ်းတစ်ဦး၏အကြောင်း

1..မှန်တဲ့ဘက်မှာရပ်ပြီး တစ်သက်လုံးလိပ်ပြာသန့်ချင်လို့ CDM လုပ်တာပါ..

2..အခက်အခဲတွေကတော့ အများကြီးပါပဲ..ခိုင်မာတဲ့အလုပ်ကနေ ထွက်ရတယ်..မိသားစုလုံခြုံမှုမရှိဘူး... စိတ်ပိုင်းဆိုင်ရာ တက်လိုက်ကျလိုက်နဲ့မို့ စိတ်ကိုအမြဲကြံ့ခိုင်အောင်ထားရတယ်... နောက် မသေချာတဲ့ မိသားစုစားဝတ်နေရေး... အစရှိသည်ဖြင့်ပေါ့...

3...အခက်ခဲဆုံးကတော့ စိတ်ပိုင်းဆိုင်ရာဖိအားနဲ့ ငွေကြေးအခက်အခဲပါပဲ...နှစ်အတော်များများက ဝန်ထမ်းပဲလုပ်လာတော့ အပြင်လောကနဲ့ အတော်ကင်းကွာနေပြီး စီးပွားရေးက သိပ်မလုပ်တတ် မကိုင်တတ်တော့ဘူးလေ...

4..အဓိကကတော့ စိတ်ဓာတ်ပဲမို့ စိတ်ငြိမ်အောင် ဘုရားရှိခိုး..တရားထိုင် လုပ်ပါတယ်...ကိုယ့်စိတ်က တက်လိုက်ကျလိုက် အခြေအနေမှာ ဘာမဟုတ်တာလေးနဲ့ ထစ်ကနဲ စိတ်တိုတာ အော်မိတာ အလိုမကျတာရှိရင် နားလည်ပေးဘို့ အိမ်ထောင်ဘက် ကို ကြိုညှိနှိုင်းထားပါတယ်.. တစ်ခါတစ်လေ မွန်းကြပ်လာတဲ့ အခါမျိုးမှာ ကိုယ်နဲ့စိတ်တူကိုယ်တူ သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး စိတ်ပြေလက်ပျောက် စကားပြောပါတယ်...သတင်းတွေ အမြဲကြည့်ပြီး အားတက်စရာ သတင်းတွေ့ရင် သူတို့ကိုလဲ မျှဝေတယ်..သူတို့တွေ့ရင်လဲ ကိုယ့်ကို မျှဝေဘို့ပြောထားတယ်... ငွေကြေးအခက်အခဲကတော့ ခု ကာလက အကုန်လုံး ကြပ်တည်းနေကြတော့ သမ္မာအာဇီဝကျတဲ့အလုပ်မှန်ရင် ပဲနှုတ်..စျေးရောင်း အကုန်လုပ်ပါတယ်..

5...ချိတ်ဆက်ဖြစ်တဲ့ အဖွဲ့တွေက...

.မကွေး CDM ထောက်ပံ့ရေးဖွဲ့

CRPH

6...ဌာနအခြေအနေကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ပြင်းထန်တယ်လို့ ခံစားမိတယ်...တစ်ချို့ဆို Dismiss ထိ ဖြစ်သွားကြတယ်...တစ်ချို့အရေးကြီးတယ်လို့ အများယူဆကြတဲ့ ဌာနတွေတောင် Removal နဲ့ပဲ ထုတ်ကြတာကိုး...

ဖိအားကတော့ အခြားဌာနထက် မပိုတောင် သိပ်တော့မလျော့ဘူး ထင်ပါတယ်..

7...လက်ရှိခံယူချက်ကတော့ အစောကပြောသလို တစ်သက်လုံးလိပ်ပြာသန့်ချင်တယ်... ပြည်သူတွေ ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရစစ်စစ်တက်လာတဲ့အခါ ခေါင်းမော့ရင်ကော့ပြီး ရုံးသွားတက်ချင်တာပါပဲ..

8...CDM မှာ ပါဝင်သူတွေအနေနဲ့ ခိုင်မာတဲ့ အလုပ်..သေချာတဲ့ဘဝ..အဲဒါတွေကို ရင်းရတော့ အနည်းနဲ့အများ ဖိအားတွေ ရှိကြစမြဲမို့..စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ကြံ့ခိုင်အောင်နေကြပါ... အမြဲတမ်းဥာဉ့်နက်မနေပါဘူး...မိုးသောက်ဘို့ ရောင်နီမြင်နေရပါပြီလို့ပဲ အကြံပြုချင်ပါတယ်...

9...ခံစားချက်ကိုပြောရရင် အရင်က သမိုင်းဆိုတာ ကိုယ်ကျောင်းတုန်းက ဖတ်စာအုပ်ထဲပဲ ဖတ်ခဲ့ရတာ...အခုဆို နောက်လူတွေဖတ်နေမဲ့..သမိုင်းမှာ စွန့်လွှတ်ခဲ့တဲ့သူတွေ...အသက်ပေးသွားတဲ့သူတွေ...သူရဲကောင်းတွေအပြင် ညီမတို့ပါ တစ်ထောင့်တစ်နေရာက ပါခွင့်ရတဲ့အတွက် ခုလို ဒုက္ခသုက္ခတွေက ထိုက်တန်ပါတယ်ပေါ့..ဒီလောက်ပါပဲ