Knowing the Present is Vital

Ashin Sarana has never been very interested in politics. As he shared in our discussion, he didn’t know that Donald Trump was elected president two years into his term, and hadn’t even learned of the coup for the first week following the attempted military takeover. And yet now, even for a Buddhist monk who has been so devoted to his spiritual practice and teaching duties, he is giving himself completely to how he can best help the Burmese people. In this excerpt, we hear him discuss both the personal toll this has taken on him, as well as why it is so urgent for monks and meditators of all backgrounds to take an ethical stand at this difficult moment.

Credit Arctic Moth for the great musical score!


I feel like being suffocated, because going through these news is extremely important.

ဦးပဉ္စင်းခံစားနေရတာကအသက်ရှူမဝသလိုမွန်းကြပ်မှုပဲ။ဘာလို့လဲဆိုတော့ ဒီသတင်းတွေကိုဖတ်ရှုလေ့လာနေဖို့ကလည်းအင်မတန်အရေးကြီးတယ်။

But at the same time, it's just so much, and something that I don't want to do.

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဲ့ဒါကဦးပဉ္စင်းအတွက်အရမ်းကိုများလွန်းနေတယ်။ ဦးပဉ္စင်းမလုပ်ချင်တဲ့အရာတစ်ခုလည်းဖြစ်တယ်။ 

Regardless what is in the news, whether it is success, or unsuccess, or people inventing something nice, or people being killed.

သတင်းထဲမှာဘာပဲပါပါ၊ အောင်မြင်တာပဲဖြစ်ဖြစ်၊မအောင်မြင်တာပဲဖြစ်ဖြစ်၊ လူတွေကကောင်းတာတစ်ခုခုတီထွင်လိုက်တာပဲဖြစ်ဖြစ်၊လူတွေအသတ်ခံရတာပဲဖြစ်ဖြစ်

Regardless what is in the news, this is nothing I ever wanted to have to do with in my life, even for a day.

သတင်းထဲမှာဘာပဲပါပါ ဦးပဉ္ဇင်းဘဝမှာဒါဟာလုပ်ရလိမ့်မယ်လို့ဘယ်တုန်းကမှမမျှော်မှန်းထားတဲ့အရာပဲ။တစ်ရက်ကလေးတောင်မလုပ်ချင်ဘူး။

One could imagine some old people's perspective.

 အသက်ကြီးတဲ့အဘိုးအဘွားတွေရဲ့အမြင်ကိုတစ်ယောက်ကမြင်ယောင်ကြည့်လို့ရပါတယ်။ 

I can imagine my old grandma saying, “Well, just don't go to the demonstrations, don't say anything, and you'll be fine”, I can imagine that some people have that attitude.

ဦးပဉ္စင်းလည်းအဘွားပြောနေမှာကိုမြင်ယောင်ကြည့်မိတယ်။သူမဆိုရင်"ဒါဆိုလည်း ဆန္ဒပြပွဲတွေမသွားတော့နဲ့ပေါ့။ဘာမှမပြောနဲ့ပေါ့။ဒါဆိုရင်အဆင်ပြေလိမ့်မယ်"ဆိုပြီးပြောနေလိမ့်မယ်။လူတချို့လည်းအဲ့ဒီလိုစိတ်နေသဘောထားမျိုးရှိမယ်လို့ ဦးပဉ္စင်းတွေးကြည့်လို့ရပါတယ်။

But no, you're not fine, if you don't go for demonstrations and don't do anything.

ဒါပေမဲ့ မဟုတ်ဘူး။အကယ်၍ဆန္ဒပြပွဲတွေမသွားဘူး၊ဘာမှမပြောဘူးဆိုရင်တောင် အဆင်မပြေဘူး။

Because the soldiers are shooting randomly in people's windows, they destroy people's possessions randomly.

ဘာကြောင့်လဲဆိုတော့ စစ်သားတွေက ကြုံရာကျပန်း အိမ်တွေရဲ့ပြတင်းပေါက်တွေကိုပစ်ခတ်နေတယ်။လူတွေရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ဘယ်သူဘယ်ဝါမရွေးဖျက်ဆီးသေးတယ်။

I heard of a Muslim woman being shot while going to a market who was not related to the demonstrations at all.

မူဆလင်အမျိုးသမီးတစ်ယောက် ဆန္ဒပြမှုတွေနဲ့လုံးဝမသက်ဆိုင်နေတာတောင် ဈေးသွားနေရင်းပစ်သတ်ခံလိုက်ရတယ်လို့ ဦးပဉ္စင်းကြားလိုက်တယ်။

So no, sorry, it's not possible to be not involved.

ဒါကြောင့် အဲ့ဒီလိုထင်တာကမဟုတ်သေးဘူး၊စိတ်မကောင်းပါဘူး။ မသက်ဆိုင်ဖို့ဆိုတာဘယ်လိုအကြောင်းမျိုးနဲ့မှမဖြစ်နိုင်ဘူး။

By your very existence you happen to be involved, whether you like it or not.

ဒီနိုင်ငံမှာနေထိုင်နေတဲ့အကြောင်းကြောင့်ပင်လျှင် ကိုယ်ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ ကြုံတွေ့နေရတာတွေဟာကိုယ်နဲ့ဆိုင်သွားတယ်။

Reading and seeing all of these things is affecting my day and my night.

ဒီအရာတွေအားလုံးကိုဖတ်နေရ၊မြင်နေရခြင်းဟာ ဦးပဉ္ဇင်းရဲ့နေ့ရောညရောအပေါ်မှာ သက်ရောက်မှုတွေရှိနေတယ်။

It affects my emotions. It's like a roller coaster.

စိတ်ခံစားချက်တွေအပေါ်မှာလည်းသက်ရောက်မှုရှိတယ်။အဲ့ဒါက ရိုလာကိုစတာစီးနေရသလိုပဲ။

And it also affects my sleep.

အိပ်စက်ခြင်းအပေါ်မှာလည်းသက်ရောက်မှုရှိပြန်တယ်။

I go to sleep thinking, “What could be done? Is there anything I could EVER do to support, to do anything at all?”.

အိပ်ရာဝင်တဲ့အခါမှာ"ဘာတွေလုပ်နိုင်မလဲ။ ကူညီထောက်ပံ့ဖို့ ငါလုပ်နိုင်တဲ့အရာရောရှိပါ့မလား။ယုတ်စွအဆုံးတစ်ခုခုတောင်လုပ်ပေးနိုင်ပါ့မလား"ဆိုတဲ့အတွေးတွေနဲ့အိပ်ရာဝင်ရတယ်။

Because it seems this is the time when I can repay my debt to the Myanmar people and the country, for all the incredible Good that they have done for me.

ဘာလို့လဲဆိုတော့ ဒီအချိန်က မြန်မာလူမျိုးတွေ ဦးပဉ္ဇင်းအပေါ်မှာအင်မတန်ကောင်းခဲ့တာတွေအတွက် အကြွေးပြန်ဆပ်နိုင်ဖို့ အခါအခွင့်သင့်နေတယ်လို့ထင်ရလို့ပါပဲ။

I keep thinking, “How? What can I do, how much can I do and what can I do and where can I do it?”.

ဦးပဉ္ဇင်းမှာ "ဘယ်လိုလုပ်ရမလဲ။ငါဘာလုပ်နိုင်မလဲ၊ဘယ်လောက်အထိလုပ်နိုင်မလဲ၊ဘာလုပ်နိုင်မလဲ၊ဘယ်နေရာမှာလုပ်နိုင်မလဲ" ဆိုတဲ့အတွေးတွေပဲဖြစ်နေတယ်။

The Pali Scriptures are showing us that not only that monks are talking about politics, but even that the Arahat Mahamoggalana came up and started to talk about politics.

ပါဠိကျမ်းဂန်တွေမှာ ဘုန်းကြီးတွေကနိုင်ငံရေးအကြောင်းပြောရုံမက ရှင်မဟာမောဂ္ဂလန်ကဲ့သို့ရဟန္တာအရှင်မြတ်သည်ပင်လျှင် ထွက်လာပြီးတိုင်းရေးပြည်ရေးအကြောင်းပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

The Buddha had been supported the talk about politics by passing on information on what actually happened, and nobody was in tears, offended, or against it.

မြတ်စွာဘုရားရှင်သည် အမှန်တကယ်ဘယ်လိုဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်ကိုပြန်လည်ပြောပြခြင်းဖြင့် တိုင်းရေးပြည်ရေးအကြောင်းပြောဆိုခြင်းကို လက်ခံခဲ့တယ်။ အဲ့ဒီလိုပြောတဲ့အခါမှ ဘယ်သူကမှ ငိုကြွေးမနေခဲ့ဘူး၊ဒေါသထွက်မနေခဲ့ဘူး၊ဆန့်ကျင်မနေခဲ့ပါဘူး။

Of course, this doesn't mean that monks should talk about this and that – this is a different extreme.

ဒါက ဘုန်းကြီးတွေက ထွေရာလေးပါးစကားပြောနေသင့်တယ်လို့ပြောတာမဟုတ်ပါဘူး။အဲ့ဒါကတော့မတူညီတဲ့အစွန်းရောက်မှုပဲ။

Monks should not just talk about politics, but when it matters, it is necessary to know what's going on.

ဘုန်းကြီးတွေကနိုင်ငံရေးအကြောင်းပြောတာမျိုးပဲမလုပ်သင့်ဘူး။ဒါပေမဲ့ အရေးကြုံလာပြီဆိုရင်တော့ ဘာတွေဖြစ်နေလဲဆိုတာသိဖို့လိုအပ်တယ်။

However, I want to encourage anybody who's meditating intensively to really shut down.

သို့သော် တရားထူးတရားမြတ်ရအောင်အပြင်းအထန်အားထုတ်နေသူဆိုရင်တော့ အပြင်လောကနဲ့အဆက်အသွယ်ဖြတ်ထားဖို့ တိုက်တွန်းချင်ပါတယ်။

If somebody wants to meditate intensively, this is extremely important regardless what's going on around.

အပြင်းအထန်တရားအားထုတ်သူတစ်ယောက်အတွက်တော့ ကိုယ့်ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေဖြစ်နေ အခုလိုမျိုးလုပ်ဖို့အလွန်အရေးကြီးပါတယ်။

I don't believe, and I'm fully convinced, that it would be possible to have any input from the outside regarding any kind of conflict or worry.

အပြင်လောကမှာဖြစ်နေတဲ့အငြင်းပွားမှု သို့ သောကတွေက တစ်နည်းမဟုတ်တစ်နည်းမိမိသန္တာန်ကိုဝင်ရောက်လာနိုင်တယ်ဆိုတာကို ဦးပဉ္ဇင်းကအပြည့်အဝလက်ခံထားတယ်။ 

If somebody wants to progress in meditation, they need to fully shut down.

တစ်စုံတစ်ယောက်ကတရားတိုးတက်ချင်တယ်ဆိုရင်တော့ လောကီရေးရာတွေနဲ့အလုံးစုံအဆက်အသွယ်ဖြတ်ထားဖို့လိုပါတယ်။

But as I've explained, there are people who are meditating intensively and there are people who are responsible for their safety and peace.

ဒါပေမဲ့ ဦးပဉ္ဇင်းရှင်းပြခဲ့သလိုပဲ အပြင်းအထန်တရားအားထုတ်နေသူတွေလည်းရှိသလို ကိုယ့်ရဲ့လုံခြုံမှုနဲ့ငြိမ်းချမ်းမှုအတွက်တာဝန်ယူကြရမဲ့သူတွေလည်းရှိတယ်။

So those who are responsible need to know what's going on and they need to care.

ဒါကြောင့် တာဝန်ရှိတဲ့သူတွေကတော့ ဘာတွေဖြစ်နေလဲဆိုတာသိဖို့လိုသလို ဂရုစိုက်ဖို့လည်းလိုပါတယ်။