Myanmar is like a Fairytale and a Nightmare: Reflections from a Buddhist Monk

Ashin Sarana, a Czech monk who has lived in Myanmar for a decade, describes the awe and appreciation for the courage and conviction that Burmese protesters have shown in the face of the military coup. At a time when many are waiting for monastics to claim their ethical authority and speak out on behalf of the people, U Sarana speaks with a force and moral clarity that illustrates just what an essential and powerful role the country's monastics can play when they choose to engage.

Credit Arctic Moth for the great musical score!


 

Life in Myanmar is on the verge of reality, fairytale and nightmare at the same time.

မြန်မာနိုင်ငံမှာနေရတဲ့ဘဝဟာ လက်တွေ့ဘဝနဲ့ နတ်သမီးပုံပြင်တွေ၊အိပ်မက်ဆိုးတွေက တစ်ပြိုင်နက်တည်းမှာ ဖြစ်လာတော့မဲ့အတိုင်းပဲ။

It's like a mix.

အဲ့ဒီအရာတွေအားလုံးရောပြွမ်းနေသလိုပဲ။

People are spreading fake news every day – fake news, which are truly fake news.

လူတွေက နေ့စဉ်​နေ့တိုင်းမှာသတင်းမှားတွေကိုဖြန့်နေကြတယ်။ မှားတာမှတော်တော်လေးကိုမှားတဲ့သတင်းတွေ။

And I wonder whether these extremes of evil are the natural supplement for the extremes of the good.

ပြီးတော့ ဒီဆိုးရွားလွန်းတဲ့အရာတွေဟာ အကောင်းမွန်ဆုံးအရာတွေကို ပါရမီဖြည့်ဖို့များဖြစ်လာသလားလို့ ဦးပဉ္စင်းတွေးမိတယ်။

So, in Myanmar, there are many people who I believe are enlightened, certainly they may be fully enlightened people, but that would be a different debate.

ဒါကြောင့် မြန်မာနိုင်ငံမှာ အသိထူးဉာဏ်ထူးတွေရပြီးတဲ့ပုဂ္ဂိုလ်တွေရှိမယ်လို့ ဦးပဉ္စင်းယုံကြည်တယ်။ ရှိတာကတော့သေချာပါတယ် ဒါပေမဲ့ အဲ့ဒါကတခြားအကြောင်းအရာပါ။

And this would be one extreme of extremely good people.

အခုဟာက အရမ်းကောင်းတဲ့လူတွေက အစွန်းတစ်ဖက်မှာရှိတယ်။

And again, this is my personal theory, which you are most welcome to criticize.

ထပ်ပြီးတော့ပြောချင်တာက ဒါကဦးပဉ္ဇင်းရဲ့ကိုယ်ပိုင်ယူဆချက်သာဖြစ်တယ်။ဒါကိုဝေဖန်လိုပါက ဝေဖန်နိုင်ပါတယ်။

Naturally, there is another side of the extreme, and that would be the evil extreme.

ဖြစ်ရိုးဖြစ်စဉ်ပါပဲ၊ အလွန်ကောင်းတဲ့သူရှိရင် တစ်ဖက်မှာလည်းအခြားအစွန်းတစ်ဖက်ရှိမယ်။ အဲ့ဒါကတော့ အလွန်ဆိုးတဲ့သူတွေပေါ့။

Interestingly, the Burmese people believe it themselves, at least some.

စိတ်ဝင်စားဖို့ကောင်းတာကတော့ ဗမာလူမျိုးတွေကိုယ်တိုင်ကအဲ့ဒါကိုယုံကြည်ကြတယ်။ အနည်းဆုံးတော့ တချို့ပေါ့။

Yesterday I heard from an old man who also helps out in our monastery.

မနေ့က ဦးပဉ္စင်းတို့ကျောင်းမှာကူညီပေးတဲ့ အဘိုးတစ်ယောက်ပြောတာကြားလိုက်တယ်။

He said “This is Myanmar. You will never find Myanmar-like people in in the world.”

သူကဘာပြောလဲဆိုတော့ "ဒါကမြန်မာနိုင်ငံပဲ။ကမ္ဘာမှာ မြန်မာလူမျိုးတွေနဲ့တူတဲ့သူတွေကို ဘယ်တော့မှတွေ့မှာမဟုတ်ဘူး"

“In Myanmar, if there is anything, there will always be the extreme of that, too.”

"မြန်မာနိုင်ငံမှာ တစ်ခုခုရှိရင် အဲ့ဒီတစ်ခုခုနဲ့ဆန့်ကျင်ဖက်အစွန်းတစ်ဖက်ကလည်း အမြဲတမ်းရှိနေလိမ့်မယ်"

“There will be the extreme of good and the extreme of evil”.

"ကောင်းတာတွေလည်းရှိသလို ဆိုးတာတွေလည်းရှိနေလိမ့်မယ်"လို့သူကပြောခဲ့တယ်။

So maybe that's why it happens that there are both extremes.

ဒါကြောင့် အခုလည်းပဲ အစွန်းနှစ်ဖက်စလုံးရှိနေတာဖြစ်လိမ့်မယ်ထင်တယ်။

Of course, as I said, this won't reduce the severity of the problem.

သေချာတာကတော့ ဒါကအခုဖြစ်နေတဲ့ ပြဿနာကိုလျော့နည်းသွားအောင်မလုပ်ပေးနိုင်ပါဘူး။

And this is a very, very bad idea.

ပြီးတော့ ဒါကတော်တော်လေး ဆိုးရွားလွန်းတဲ့အတွေးပဲ။

But for the time being, that's what I'm working on.

ဒါပေမဲ့လက်ရှိအချိန်မှာတော့ ဒီအရာကိုဦးပဉ္ဇင်းလေ့လာနေပါတယ်။

The bravery of the Burmese people in in the battlefield, where only one side battles and the other side only runs away and protects themselves.

တစ်ဖက်ကစစ်တိုက်ပြီး တစ်ဖက်ကတော့ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲထွက်ပြေးနေရတဲ့တိုက်ပွဲမှာ မြန်မာလူမျိုးတွေရဲ့ ရဲစွမ်းသတ္တိကလေ

I believe that I can never compare my attitudes or my abilities of bravery to what they're doing

သူတို့လုပ်နေတာတွေကို ဦးပဉ္ဇင်းရဲ့ ခံယူချက်တွေ၊စွမ်းရည်သတ္တိတွေက ဘယ်တော့မှယှဉ်နိုင်မှာမဟုတ်ဘူးလို့ ဦးပဉ္ဇင်းထင်ပါတယ်။

There's a video where a boy is shot in the middle of the street during these demonstrations.

ဒီဆန္ဒပြတဲ့အခါမှာ လမ်းလယ်ခေါင်မှာကောင်ကလေးတစ်ယောက် အပစ်ခံလိုက်ရတဲ့ ဗွီဒီယိုရှိတယ်။

And another boy is saying to his friend “I need to take the boy's body, I need to bring it here”, while there are loads of soldiers shooting.

အဲ့ဒီမှာတခြားကောင်ကလေးတစ်ယောက်က သူ့သူငယ်ချင်းကိုပြောနေတယ်"ငါသူ့ကိုသွားဆွဲဖို့လိုတယ်။သွားဆွဲပြီးဒီနေရာကိုခေါ်လာခဲ့မယ်"တဲ့။ တကယ်က အဲ့ဒီအချိန်မှာ စစ်သားတွေအများကြီးကပစ်ခတ်နေခဲ့တာ။

And he says “Hey, if I die, make sure that my body is used for good purposes”.

ပြီးတော့သူကပြောသေးတယ်"ဟေး ငါသေသွားရင်ငါ့ခန္ဓာကိုယ်ကို လိုတဲ့နေရာမှာကောင်းကောင်းအသုံးချပေးနော်" တဲ့။

And then he's going there, to take the body in the middle of the street and drives the body to a side street.

နောက်တော့ သူလမ်းလယ်ခေါင်ကိုသွားပြီး ထိသွားတဲ့ကောင်လေးကိုသွားဆွဲပြီး လမ်းဘေးကိုခေါ်လာနိုင်ခဲ့တယ်။

One of our supporters said “Venerable Sir,” at night he had sent me a message I read too late.

ဦးပဉ္ဇင်းကို ကိုးကွယ်တဲ့ထဲကတစ်ယောက်က"ဘုန်းဘုန်းဘုရား"ဆိုပြီး ညဖက်မှာမက်ဆေ့ချ်ပို့ထားတယ်။နောက်ကျနေတော့ ဦးပဉ္စင်းလည်းမဖတ်မိဘူး။

So the next day in the morning, he sent me a message “Venerable Sir, tomorrow I'm going to the first line accepting your thoughts of loving kindness”.

ဒါနဲ့နောက်တစ်နေ့မနက်ကျတော့မှ ဦးပဉ္ဇင်းဖတ်ဖြစ်တယ်။ သူဘာရေးထားလဲဆိုတော့"ဘုန်းဘုန်းဘုရား၊တပည့်တော် ဆရာတော်ရဲ့မေတ္တာကိုခံယူပြီးမနက်ဖြန် ရှေ့တန်းထွက်မလို့ပါဘုရား" ဆိုပြီးရေးထားတယ်။

And the next day he went to the first line, nothing happened to him.

နောက်တစ်နေ့သူရှေ့တန်းထွက်ခဲ့တယ်၊ ဘာမှတော့သူမဖြစ်ခဲ့ဘူး။

That's the Burmese people! They don't go just for demonstration – they go for the first line, you know?

အဲ့ဒါဟာ မြန်မာလူမျိုးတွေပဲ။ သူတို့ကဆန္ဒပြရုံသွားတာမဟုတ်ဘူး၊ ရှေ့တန်းထွက်ဖို့သွားကြတာ။

They are so brave. They really know what they want.

သူတို့က သတ္တိအလွန်ရှိတယ်။ သူတို့ကိုယ်သူတို့ဘာလိုချင်မှန်းလည်းကောင်းကောင်းသိတယ်။

And they are ready to dedicate their lives for that.

သူတို့လိုချင်တဲ့အရာအတွက်လည်း အသက်ကိုတောင်စွန့်ဖို့ဝန်မလေးကြဘူး။

And they already dedicated lives, more than 50 lives were already given for this cause

 တကယ်လည်းပဲ သူတို့တတွေ အသက်တွေကိုစွန့်ပြီးကြပြီ။ ဒီအကြောင်းကြောင့် အသက်ပေါင်း၅၀ကျော်ပျက်စီးပြီးသွားပြီ။

And I think that needs to be considered: 50 people died for this, for what they wanted!

အဲ့ဒါကို..လိုချင်တဲ့အရာအတွက် လူ၅၀ကျော်သေခဲ့ရတာကို အလေးထားပြီးစဉ်းစားဖို့လိုတယ်လို့ဦးပဉ္ဇင်းထင်တယ်။

Maybe it's not just about politics, maybe there's something more to that.

အဲ့ဒါက နိုင်ငံရေးနဲ့တင်မဆိုင်လောက်ဘူး။ဒီ့ထက်ပိုတဲ့တစ်စုံတစ်ခုရှိမယ်လို့ဦးပဉ္ဇင်းထင်တယ်။

We need to remember the good things about the Burmese people, the Burmese character, the Burmese abilities, of the Burmese people, the Burmese intelligence, wisdom and PATIENCE as number one.

မြန်မာလူမျိုးတွေရဲ့ကောင်းမွန်တဲ့အရာတွေကို ဦးပဉ္ဇင်းတို့မှတ်ထားဖို့လိုတယ်။ သူတို့ရဲ့အကျင့်စရိုက်တွေ၊အရည်အချင်းတွေ၊ ဖြတ်ထိုးဉာဏ်တွေ၊အသိဉာဏ်ပညာတွေနဲ့ အရေးကြီးဆုံးကတော့စိတ်ရှည်သည်းခံမှုပဲ။ ဒီလိုအရည်အချင်းတွေကိုမှတ်ထားဖို့လိုတယ်။

မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့အခြေအနေအကြောင်းပြောတဲ့ အင်တာဗျူးမှန်သမျှမှာလုံးဝလွတ်မသွားသင့်တဲ့အရာတစ်ခုရှိတယ်။

There is something that really should never be missed from any interview about the present situation in Myanmar.

မြန်မာလူမျိုးတွေရဲ့ စိတ်ရှည်သည်းခံနိုင်မှုစွမ်းအားဟာဆိုရင် မယုံကြည်နိုင်လောက်အောင်ပဲ။

The powers of the people in terms of patience are unbelievable!

မြန်မာလူမျိုးတွေရဲ့ စိတ်ရှည်သည်းခံနိုင်မှုစွမ်းအားဟာဆိုရင် မယုံကြည်နိုင်လောက်အောင်ပဲ။

If you told me that there are people like this, I would say “No, certainly you are telling me a fairytale!”.

ဒီလိုလူမျိုးတွေရှိတယ်ဆိုတာကိုပြောစကားအရသာ ကြားသိရမယ်ဆိုရင် ဦးပဉ္ဇင်းက"မဖြစ်နိုင်တာ။သေချာတယ် မင်းငါ့ကိုပုံပြင်တွေလာပြောနေတာပဲ" ဆိုပြီးပြောဖြစ်လိမ့်မယ်။

But it's incredible how these people are patient.

ဒါပေမဲ့ဒီလူတွေဘယ်လောက်တောင် စိတ်ရှည်သည်းခံနိုင်လဲဆိုတာ အံ့ဩဖို့တောင်ကောင်းပါတယ်။

It is incredible how the Burmese people are inventive, and how they try their best to find peaceful

methods!

မြန်မာလူမျိုးတွေ တီထွင်ကြံဆနိုင်တာတွေ၊ အကြမ်းမဖက်တဲ့နည်းလမ်းတွေရှာဖို့ အတတ်နိုင်ဆုံးကြိုးစားကြတာတွေအားလုံးဟာ အံ့ဩဖို့ကောင်းပါတယ်။

Just to continue to say what they wish –  that's all  they do.

သူတို့လိုချင်တာကိုဆက်ပြီးပြောပြနေဖို့ပါ..သူတို့ဒါလေးပဲလုပ်တာပါ။

Considering how much they avoid any violence at all...

အတတ်နိုင်ဆုံး အကြမ်းဖက်တာကိုရှောင်ဖို့ဘယ်လောက်တောင်ကြိုးစားကြလဲဆိုတာကိုစဉ်းစားကြည့်ရင်...

Only as appreciation of the peoples' non-violence, the people of Myanmar deserve 100% effort and action from all the international community.

ဒီလူတွေရဲ့အကြမ်းမဖက်မှုကိုလေးစားသောအားဖြင့် နိုင်ငံတကာကအဖွဲ့အစည်းအားလုံးရဲ့ ရာနှုန်းပြည့်ကြိုးစားထောက်ပံ့ပေးမှု၊အရေးယူပေးမှုတွေကိုမြန်မာလူမျိုးတွေထိုက်တန်ကြပါတယ်။

(translation by Khein)