Episode #3.1: စကားလုံး၊ အမှောင်ဖြစ်ရပ်တွေရဲ့ လောင်းရိပ်အောက်က စာရေးဆရာ လင်းခါး
စာရေးဆရာ ကိုလင်းခါးဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ စာပေအနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ အိမ်ကနေရှောင်ရင်း တောထဲ၊ တောထဲကနေ တစ်ဘက်နိုင်ငံကို ရောက်ရှိခဲ့ပြီး idp တစ်ယောက်အနေနဲ့ ဆက်လက်ရပ်နေပါတယ်။
သူ့ရဲ့ဘဝကရော ဘယ်လိုမျိုးအဖြစ်အပျက်တွေ၊ အမှောင်ခြမ်းတွေကြုံခဲ့ရလဲ၊ ဘယ်လိုအတွေ့အကြုံတွေ ဖြတ်သန်းခဲ့ရလဲဆိုတာ ကျနော်ဝေးအိမ်နဲ့အတူ gracyတို့က ဆက်လက်တင်ဆက်ပေးသွားပါ့မယ်။
ယခုပထမ အပိုင်းမှာ ကိုလင်းခါး ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘဝ ၊ ဝါသနာ နဲ့ အိပ်မက်တွေကို ဘယ်လောက်အထိကြိုးစားခဲ့ရသလဲ ဆိုတာ မေးမြန်းထားပါတယ်။
ဆင်းရဲလို့ အနှိမ်ခံရတာရှိတဲ့အပြင် ငယ်စဉ်ဘဝကတည်းက ကလေးလိုမနေခဲ့ရပါဘူး။ ကစားရမဲ့ အချိန် သူငယ်ချင်းတွေနဲ့ မကစားရပဲ အမေနဲ့ ဆိုင်အတူထိုင်ရတဲ့အတွက် ရှက်စိတ်လိုလို ကြောက်စိတ်လိုလိုက အမြဲတမ်း စိတ်ထဲမှာ ရှိလို့နေခဲ့ပါတယ်။ ဆေးလိပ်စသောက်တော့ ခြောက်တန်းနှစ် အိမ်ကသိသွားတော့ အဖေက ထိုးလိုက် အကို ကထိုးလိုက်နဲ့ နေ့စဉ်ပါပဲ။ ဒါပေမဲ့ သူတို့အဲ့လိုလုပ်လေ ပိုသောက်ချင်စိတ်တွေများလာလေပဲဖြစ်လာခဲ့ပါတယ်။
စာဖတ်တာ၊ စာရေးတာကို ဘယ်ချိန်မှစသတိထားမိလဲဆိုတော့ ငယ်ငယ်က စာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ ဖတ်ရတာတွေ ကြိုက်နေမှန်း သတိမထားမိဘဲ ဖတ်ဖြစ်နေတာ။ ပတ်ဝန်းကျင်ကလည်း စာဖတ်တာကို အားဖြစ်စေလောက်တဲ့ ပတ်ဝန်းကျင်မျိုးက မဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ ရှိတဲ့စာအုပ်တွေကလည်း တရားဓမ္မစာအုပ်တွေလောက်ပဲ။ ပွဲစျေးတွေမှာရောင်းတဲ့ စာအုပ်မျိုးတွေ။ ပြီးတော့ စာအုပ်အငှားဆိုင်လေးတွေရှိတယ်။ အငှားဆိုင်မှာကတော့ အမြဲတမ်းလည်း မငှားနိုင်ဘူး။ ပိုက်ဆံနဲ့ငှားရတာဆိုတော့။ ပိုက်ဆံမရှိလို့။
စာအုပ်တွေက ငှားပြီးရင် ပြန်မအိပ်နိုင်ဘူး။ အိမ်မှာပုံလာတာ။ ပိုင်ရှင်က မေ့လောက်ပြီဆိုမှ တခေါက်ပြန်သွားပြီး အပ်တာ။ သိရင်လည်း သိမှာပေါ့လေ။ အိမ်မှာဆိုရင် အဲ့ဆိုင်က စာအုပ်တွေဆို အများကြီးပဲ။
၂၀၀၃မှာ ကျောက်ဆည်ကိုပြောင်းတယ်။ အလုပ်လုပ်ပြီးတော့ စာကြည့်တိုက်ရှိတော့ စာပိုဖတ်ဖြစ်တယ်။ အကိုတဝမ်းကွဲကလည်း စာလေးဘာလေးရေးတော့ ။ အဝေးသင်ပညာရေးကတော့ ဘာမှထွေထွေထူးထူး ပြောစရာကမရှိဘူး။ ဒါကြီးက ဘာမှ အဓိပ်ပါယျမှလညျး မရှိတာ။ ကျန်တာမပြောနဲ့။ အင်္ဂလိပ်စာ သင်တာပဲကြည့်။ သူငယ်တန်းကနေ ဆယ်တန်းထိ ဆယ်နှစ်လုံးလုံး အင်္ဂလိပ်စာကို မတတ်အောင်သင်တယ်။ ကြီးမှပြန်စဥ်းစားတော့ အင်္ဂလိပ်စာကို ဘယ်လိုအောင်လာမှန်းမသိဘူး။ ဆယ်တန်းဖြေတုန်းကလည်း လျှောက်ရေးတာ။ အံ့သြဖို့ကောင်းတာ။ အင်္ဂလိပ်စာမတတ်တာကြီးကို ဘွဲ့တွေတောင်ရသေးတယ်။ စိတ်ပညာနဲ့ရတာ။ ဘွဲ့က ဘာမှသုံးစားလို့လည်း မရဘူး။ ဘွဲ့ရတာတော်တော်နောက်ကျတယ်။ ဘွဲ့ရပြီးတော့ အရင်ကအလုပ်ပါပဲ။ ကြားထဲမှာလည်း အလုပ်ကစုံနေပြီ။ ၂၀၀၆ ခုနစ်မှာတည်းက စာစီစာရိုက်သမားဖြစ်နေပြီ။ မိတ္တူဆိုင်မှာ အလုပ်ဝင်လုပ်ရင်းနဲ့ တက်သွားတာ။ မိတ္တူဆိုင်မှာ တနှစ်လောက်ကြာပြီးတော့ တက်သွားတာ။ မိတ္တူဆိုင်အလုပ်မှာ ရှစ်နှစ်လောက်ကြာသွားတယ်။
အလုပ်ရှင်နဲ့ ပက်သက်ပြီးတော့က ဒီအလုပ်မှမဟုတ်ဘူး။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ လူတိုင်းခေါင်းပုံဖျက်ခံရတာ၊ ခေတ်ကမှမကောင်းတာ။ ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ သန့်ရှင်းရေး အလုပ်လုပ်ဖူးတယ်။ ဘိလပ်မြေအိတ်တွေကို ဆိုက်တွဲနဲ့တင်ပြီးတော့ တစ်နေရာကနေ တစ်နေရာကိုပို့ရတယ်။ ဆိုင်မှမဆိုင်တာ။ မဆိုင်တာတွေလည်း အကုန်ခိုင်းတာပဲ။ အခုကာလမှဆို စက်ရုံတွေမှာ ရိုက်နှက်တာတွေရှိတယ်။ အခြေအနေတွေကဆိုးတော့ ဘယ်သူမှမထွက်နိုင်ဘဲ ဆက်လုပ်နေကြရတာ။ လှိုင်သာယာတို့ဘက်မှာ။
စာမူစပါတုန်းက ကဗျာနဲ့ပါတာ။ ကဗျာစရေးခါစကဆို ကဗျာကရေးလို့မရဘူး။ ပိုက်ဆံမရှိလို့။ ရေးလို့မရဘူးလားဆိုတော့ ရတယ်။ ဒါပေမဲ့ ငွေရှာရတဲ့အလုပ်တွေလုပ်နေတာနဲ့ စိတ်ရော၊ လူရောပင်ပန်းပြီးမရေးဖြစ်တာ။ အေဖိုးကို အရမ်းချောတာကြီးမဝယ်နိုင်ဘူး။ အညိုကြီးတွေရှိတယ်။ legal ဆိုဒ်ကြီးတွေ၊ အဲ့ဒါတွေဝယ်ရတာ။ စက္ကူဆိုင်တွေရှိတယ်။ အဲ့ဒါကိုမှ ချိုးပြီး ပြန်ရေးတာပေါ့။ ဟိုအေဖိုးဆိုရင် တစ်ဆယ်ရှိတယ်။ နှစ်ပုဒ်၊ နှစ်ပုဒ်စီစုပြီးမှ ဆယ်ပုဒ်လောက်မှ ပို့ကြတာ။ မျှခံပြီးမှ ပို့ခဲ့ရတာ တိုက်တွေဆီ။
ပထမဆုံးကဗျာပါတာ ၂၀၀၄ ခုနစ် နိုဝင်ဘာမှာ၊ ကဗျာကအရမ်းပါချင်တော့ ပို့တာ၊ ပို့တာပေါ့။ အခုလိုလည်း အင်တာနက်တွေနည်းနေသေးတော့ ကဗျာပါတာကို စသိရတာမဟုတ်ဘူး။ ကဗျာရွေးစာရင်းအရင်ပါလာတာ။ ရွေးစာရင်းဆိုတာက မပါခင် ဖော်ပြဖို့ ရွေးလိုက်ပြီဆိုတဲ့အကြောင်း စာအုပ်ထဲမှာ အရင်ဖော်ပြတာပေါ့။ အဲ့စာရင်းထဲမှာပါလာပြီးရင်လည်း နောက်လစာအုပ်ထဲမှာ ကိုယ့်စာမူက ပါချင်မှပါလာတာ။ ပါဖို့ဆိုရင် စောင့်ပေတော့ပဲ။ အဲ့တုန်းက မဂ္ဂဇင်းတွေမှာက ကဗျာက အတွင်းကဗျာနဲ့ အပြင်ကဗျာဆိုတာ ရှိတယ်။ အပြင်ကဗျာဆိုတာက စာအုပ်ထိပ်ပိုင်းတွေမှာပါတာ။ အတွင်းကဗျာဆိုတာက နောက်ပိုင်းမှာ။ စရေးတဲ့သူတွေက အသစ်တွေက အတွင်းကဗျာကို ပို့ကြတာများတယ်။ အပြင်ကဗျာမှာက ကျတော့ ဒိတ်ဒိတ်ကြဲနာမည်ရပြီးသား ကဗျာဆရာ၊ ဆရာမတွေရဲ့ ကဗျာတွေကိုပဲ ဖော်ပြတာများတယ်။ အသစ်ကိုဖော်ပြတာ မရှိသလောက်ပဲ။ ကဗျာရေးတာမှာတောင် ဂိုဏ်းက နှစ်ဂိုဏ်းကွဲသွားတာပေါ့။ ငါတို့က အတွင်းကနေကဗျာစရေးမှာနဲ့ မဟုတ်ဘူး ငါတို့က အတွင်းမှာမရေးဘူး။ အပြင်ကဗျာမှာပါအောင်လုပ်မယ်ဆိုတဲ့ အဖွဲ့နဲ့ပေါ့။
Cherry my paradise ဆိုတဲ့ မဂ္ဂဇင်းက ကဏ္ဍတစ်ခုရှိတယ်။ ကဗျာဆရာတွေရဲ့ ကဗျာ ငါးပုဒ်ပေါ့။ နာမည်ရပြီးသား လူတွေကိုမှ ပေးတာ။ ပြောချင်တာက ကဗျာအသစ်သမားက အဲ့ကဏ္ဍကို မပို့နဲ့ ဘယ်တော့မှမပါဘူး။ ဒါပေမဲ့ ကိုလင်းခါးက ပို့မယ်ကွာ ပါပါမပါပါ၊ ပို့ဖြစ်အောင်တော့ပို့မယ်ဆိုပြီး ပို့လိုက်တာ။ အဲ့မှာ စပြီး ပါလာတာ။ ဘော်ဒါတွေကလာပြောတယ်။ မင်း လင်းခါးနာမည်နဲ့ ကဗျာရေးလို့မရတော့ဘူး။ ဒီမှာ လင်းခါးဆိုတဲ့နာမည်နဲ့ပါလာပြီ။ ကဗျာဆရာကြီးတွေထဲကပဲ ဖြစ်လိမ့်မယ်။ မင်း ရှောင်ရေးတော့လို့ ပြောလာတယ်။ နေပါဦး ငါ ကြည့်ကြည့်ဦးမယ်ဆိုပြီး ကြည့်လိုက်မှ ကိုယ့်ကဗျာတွေ ဖြစ်နေမှန်းသိခဲ့ရတာ။ အဝေးသင်ကျောင်းတက်ပြီး ပြန်လာတော့။ စာအုပ်က မန်းလေးသွားဝယ်ရတာ။ စာမူခဆိုတာ အဝေးကြီး။
ကိုဗစ်ထဲမှာ နှစ်ဘက်လုံးက မဲဆွယ်တော့ ဘာစည်းကမ်းမှလည်းမလိုက်နာဘဲ လုပ်ချင်ရာလုပ်ကြတာ။ ကိုလင်းခါးကတော့ No vote ပါ။