အရှင်ဘိက္ခုဗောဓိအတွက် မေးခွန်းများ
ယခုနှစ်အစောပိုင်းက ထုတ်လွှင့်ခဲ့တဲ့ အရှင်ဘိက္ခုဗောဓိနဲ့အင်တာဗျူးက ကျွန်တော်တို့ထုတ်လွှင့်ခဲ့သမျှထဲမှာ ပရိသတ်နားအဆင်ခံရဆုံးနဲ့ အငြင်းပွားဖွယ်အဖြစ်ရဆုံး တစ်ခုဖြစ်လို့နေပါတယ်။ ကျေးဇူးတင် အလေးအမြတ်ပြုမှု ကနေ ဆန့်ကျင့်မှုအထိ၊ ပြစ်တင်ဆန့်ကျင်မှုကနေ ဝေဖန်ထောက်ပြမှုနဲ့ ထိတွေ့ဆက်စုံမှုတွေနဲ့ ဒီpodcastအပိုင်းအတွက် တုန့်ပြန့်မှုတွေက အမျိုးအစားစုံလင်လှပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက ဒီအင်တာဗျူးကို တစ်ကိုယ်ရည်နားဆင်ကြရုံတင်မကဘဲ၊ နိုင်ငံပေါင်းစုံက ဘုန်းကြီးကျောင်းတွေက podcastကိုဖွင့်ပြီး တစ်ကျောင်းလုံးနားဆင်စေပြီးနောက်မှာ အဖွဲ့ငယ်တွေခွဲပြီး ဆွေးနွေးခဲ့ကြပါတယ်လို့ ကျွန်တော်တို့ပြန်ကြားရပါတယ်။ ဒါ့အပြင် အဖွဲ့တစ်ခုကလည်း ဒီအင်တာဗျူးစာသားမှတ်တမ်းတစ်ခုလုံးကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါသေးတယ်။
ဒီအင်တာဗျူးဟာ ရဟန်းဘဝတစ်လျှောက်မှာ လုပ်ဖူးသမျှအင်တာဗျူးထဲက အခက်ခဲဆုံးတစ်ခုပဲလို့ အရှင်ဘိက္ခုဗောဓိကိုယ်တိုင် မှတ်ချက်ပြုခဲ့ပါတယ်။ ပြီးသွားပြီးနောက်မှာတောင် မိမိဖြေခဲတဲ့ အဖြေတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အရှင်ဘိက္ခုဗောဓိအတွင်းစိတ်ကနေ သုံးသပ်ပြီး စိတ်မှာ ဆက်လက်ပဲ့တင်ထပ်လို့နေပါတယ်။
ဒီအင်တာဗျူးအပေါ် တုံပြန်မှုအကြောင်းတွေ၊ ဖြေဖြစ်ခဲ့တဲ့ အဖြေတွေအကြောင်းတွေကို ကျွန်တော်တို့ ထပ်ပြောဖြစ်ခဲ့ကြရင်း အရှင်ဘိက္ခုဗောဓိဟာ သူပြောခဲ့တဲ့ တချို့အချက်တွေကို သေချာရှင်းလင်းအောင်ပြုချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောပြခဲ့ပါတယ်။ အရှင့်ရဲ့စကားလုံးအတိုင်းပြန်ပြောပြရရင် - "ဘုန်းကြီးရဲ့ ရပ်တည်ရာကို ပိုပြီးဂရုတစိုက် ပြန်သုံးသပ်ကြည့်ဖြစ်ခဲ့တယ်။ အာဏာရှင်အစိုးရတစ်ရပ်ကိုဆန့်ကျင်ရာမှာ၊ ကိုယ့်ပြည်သူကို ပေါ်တင်သတ်တဲ့ အာဏာရှင်အစိုးရမျိုးကိုဆိုရင်တောင် အကြမ်းမဖက်ပဲ ကြံ့ကြံ့ခံဆန့်ကျင်မှုတစ်ခုကပဲ အလုပ်ဖြစ်မယ်လို့ ဘုန်းကြီးထင်တယ်။ ဒါပေမယ့်လည်း ဒီနည်းလမ်းမှာ ဂရုတစိုက်နဲ့ အစီအစဉ်ချပြီး အကောင်အထည်ဖော်ကြဖို့တော့ လိုအပ်တယ်။"
အရှင်က ဒီယုံကြည်ချက်အတွက် အကြောင်းရင်းတွေကို ရှင်းပြပေးပါလိမ့်မယ်။ ဒါနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေအတွက် အခြားသောမေးခွန်းတွေကိုလည်း ဖြေဆိုပေးချင်ပါတယ်လို့ဆိုပါတယ်။ ဒီနေရာမှာ မြန်မာရဲ့ အာဏာသိမ်းမှုကိစ္စအပေါ် တရားအားထုတ်သူ (သို့) သာသနာ့ဝန်ထမ်းရဲ့ ထားသင့်တဲ့ တုန့်ပြန်မှု နဲ့ ဒီဆန္ဒပြလှုပ်ရှားမှုနဲ့ ဗုဒ္ဓဘာသာအကျင့်ကိုက်ညီနိုင်တဲ့နေရာ စတာတွေ ပါဝင်နိုင်ပါတယ်။ အရှင်ဟာ ယနေ့ကမ္ဘာရဲ့ Engaged Buddhismဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ ခေါင်းစဉ်ကိုလည်း ဆွေးနွေးပေးနိုင်ပါတယ်။ ပြီးတော့ မြန်မာမှာတွေ့နိုင်တဲ့ ရှေးရိုးအစဉ်အလာ ယုံကြည်မှုတွေနဲ့ ခေတ်အလျောက်တိုးတက်ပြောင်းလဲနေတဲ့ဗုဒ္ဓဘာသာကြားက တင်းမာမှုများအကြောင်းလည်း ဆွေးနွေးပေးနိုင်ပါတယ်။
အောက်ပါ ဖောင်ကနေ သင့်ရဲ့မေးခွန်းတွေနဲ့ အတွေးတွေကို လွတ်လွတ်လပ်လပ် ဖြည့်သွင်းနိုင်ပါတယ်။ ကျွန်တော်တို့က လာမယ့်အင်တာဗျူးမှာ ထည့်သွင်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားပေးပါမယ်။
အရှင်ဘိက္ခုဗောဓိနဲ့ ပထမအင်တာဗျူးကို နားထောင်ချင်တယ်ဆိုရင် သင့်podcastsမှာ Insight Myanmarကို subscribeလုပ်ပြီး အပိုင်း ၆၁ (Episode #61)ကိုရှာကြည့်ပါ။ ကျွန်တော်တို့ ဝက်ဘ်ဆိုက်ကနေလည်း ထိုအပိုင်းရဲ့လင့်ခ် ကိုသွားရောက်နားထောင်နိုင်ပါတယ်။