လစ်သူနီးယားနိုင်ငံသူ ဆရာလေး ပီယဒဿီသည် ၂၀၁၃ ခုနှစ်တွင် မြန်မာပြည်၌ ဗုဒ္ဓဘာသာ သီလရှင် အဖြစ်ခံယူခဲ့ပါသည်။ အစပိုင်းတွင် ဆရာကြီးဦးဂိုအင်ကာ၏ နည်းလမ်းအတိုင်း ဝိပဿနာကို အချိန်အတန်ကြာ လေ့လာခဲ့ပြီး သီလရှင်ဝတ်ပြီးနောက် ဖားအောက်နည်းနာများကို လေ့လာလိုက်စားခဲ့သည်။ ယခုအခါ ဆရာလေးသည် ရှမ်းပြည် ဗုဒ္ဓတက္ကသိုလ်၊ တောင်ကြီး၌ အချိန်ပြည့် စာသင်သားအဖြစ် သင်ယူလေ့လာနေပါသည်။