ဗုဒ္ဓဘာသာကမ္ဘာလုံးဆိုင်ရာကယ်ဆယ်ရေးအဖွဲ့နဲ့ပူးပေါင်းခြင်း

Buddhist Global Relief (BGR) မှ ရက်ရောစွာ လှူဒါန်းခြင်းကို လက်ခံရရှိတဲ့အတွက် ကျွန်တော်တို့ Better Burma nonprofit မှ အထူးကျေးဇူးတင်ရှိပါတယ်။ အလှူရှင်များက ရန်ပုံငွေကို စားနပ်ရိက္ခာ လိုအပ်နေသူ များအတွက် ရည်ရွယ်ထား၍ ကျွန်တော်တို့  ဒီလျာထားတဲ့ရည်ရွယ်ချက် အတိုင်းဖြစ်မြောက်ဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။

BGRမှ ဆရာတော် အရှင်ဗောဓိက မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ အကျပ်အတည်း များနဲ့ စပ်လျှင်းပြီး Insight Myanmar Podcast မှာ ပြောကြားသွားပါတယ်။ BGR က သူတို့ရဲ့  ဆန္ဒနဲ့ မျှော်မှန်းချက်တွေကို အောက်ပါအတိုင်း ပြောပြပါတယ်။

ဆိုးဝါးတဲ့ ဆင်းရဲနွမ်းပါးမှု နောက်ဆုံးကွယ်ပြောက်သွားမဲ့ အနာဂတ်ကမ္ဘာ၊ လူတိုင်းလူတိုင်း ဘဝ ရပ်တည်မှုအတွက် အခြေခံရုပ်ပိုင်းဆိုင်ရာ  လိုအပ်ချက်များ အစားအစာ၊ အဝတ်အထည်၊ အိုးအိမ်၊ ကျန်းမာရေးစောင့်ရှာက်မှု အားလုံးရရှိနိုင်တဲ့ ကမ္ဘာ၊ လူတိုင်းလူတိုင်း မိမိဘဝတန်ဖိုးနဲ့ ရည်မှန်းချက်ကို ပေးနိုင်တဲ့ ကျေနပ်လျှောက်ပတ်တဲ့ ပညာရေး အဆင့်အတန်းကို လွတ်လပ်စွာ သင်ယူလေ့လာနိုင်ခွင့် အားလုံးရရှိနိုင်တဲ့ ကမ္ဘာ၊ လူသားအားလုံး တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့၊  သဘာဝပတ်ဝန်းကျင် နဲ့လည်း သဟဇာတဖြစ်စွာ နေထိုင်နိုင်တဲ့ ကမ္ဘာ၊ ဒါတွေဖြစ်လာဖို့ဟာ ကျွန်ုပ်တို့ရဲ့ မျှော်မှန်းချက်တွေ ဖြစ်ပါ တယ်။

မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို  သူတို့ပိုမိုပြည့်စုံစွာ သိရအောင်  သူတို့ဝက်ဘ်ဆိုက်မှာ  တင်ပြပေးဖို့ တောင်းဆိုတဲ့အတိုင်း ကျွန်တော်တို့ ပြုလုပ်ပေးနိုင်ခွင့် ရတဲ့အတွက် လည်း ကျေးဇူးအများကြီးတင်ရှိပါတယ်။  

BGR က ရန်ပုံငွေများကို ပုံမှန်ဆက်လက် ထောက်ပံ့ပေးသွားနိုင်လိမ့်မယ်လို့  ဆိုပါတယ်။ ဆိုးဝါးတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ များစွာခံစားနေရတဲ့ ပြည်သူတွေအတွက် အရေးကြီးတဲ့ ထောက်ပံ့မှု ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ အလုပ်မှာ ကူညီထောက်ပံ့ဖို့ (သို့) မိမိရဲ့  ကွန်ယက်မှာရှယ်ပေးဖို့ စဉ်းစားပေးစေချင်ပါတယ်။  

Shwe Lan Ga LayComment