အကျဉ်းသားတစ်ယောက်အကြောင်း

အာဏာသိမ်းပြီးကတည်းက ကျွန်တော်ပြောဖြစ်တဲ့ ဧည့်သည်တွေထဲမှာ Jonathanက ဖမ်းဆီးခံထိပြီး ပြန်လည်လွတ်မြောက်လာတဲ့ တစ်ဦးတည်းသော ဧည့်သည်ဖြစ်ပါတယ်။ “Beaten, Not Broken”လို့ ခေါင်းစဉ်ပေးထားတဲ့ အပိုင်းထဲမှာ သူဘယ်လိုအဖမ်းခံလိုက်ရတယ်၊ ဘာပုဒ်မတွေအတပ်ခံရတယ်၊ ထောင်အခန်းကဘယ်ပုံရှိတယ်၊ ထောင်မှာ တနေ့တာသူ့ရဲ့ဖြတ်သန်းပုံ၊ သူဘယ်လိုလွတ်ငြိမ်းချမ်းသာခွင့်ရလာတယ်ဆိုတာ ဖော်ပြထားပါတယ်။ တိုင်းပြည်တစ်ဝှမ်းမှာ ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ သက်သေထွက်ဆိုချက်တွေကိုလည်း သူပြောပြသွားပါတယ်။ သူရဲ့ ထောင်အခန်းဖော်တစ်ယောက်ဖြစ်တဲ့ တောင်ကြီးက ရွေးကောက်ခံအမတ်ဟာ ညှင်းပန်းနှိပ်စက်ခံခဲ့ရသူဖြစ်ပါတယ်။ ဒီလိုနဲ့ တခြားအကျဉ်းသားတွေကလည်း သူတို့အနှိပ်စက်ခံရတဲ့အကြောင်းတွေ ဖလှယ်ဖြစ်ခဲ့ကြပါတယ်။ နားမထောင်ရသေးရင် ခင်ဗျားPodcastsမှာ Insight Myanmarကို subscribeလုပ်ပြီး သူနဲ့အင်တာဗျူးအပြည့်အစုံကို နားဆင်ကြည့်လိုက်ပါဦးနော်။

ဂျာနယ်လစ်တစ်ယောက် စစ်ကြောခံရတုန်းက စစ်သားတွေက သူ့အပေါ် ဂတ်စ်မီးသေနတ်သုံးပြီး ဖုန်းလော့ခ်ဖြေခိုင်းတာဗျ။
— Jonathan

“ကျွန်တော်အကျဉ်းကျစဉ်မှာ စစ်အစိုးရရဲ့ သဘောထားနဲ့ ရက်စက်မှုတွေကို သိရှိနားလည်သွားတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပြသေးတဲ့ ဖြစ်ရပ်တစ်ခုရှိတယ်။

အဲဒီမှာ သူတို့ ကျွန်တော်တို့အခန်းကို နောက်ထပ်အကျဉ်းသားငါးယောက် ထပ်ထည့်လိုက်တယ်။ အဲဒီအကျဉ်းသားတွေထဲက တစ်ယောက်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ရှမ်းပြည်နယ်က NLDအမတ်။ သူက တောင်ကြီးက။ သူကျွန်တော်တို့ နေရာကိုလာပြီး သူဘယ်လိုဖမ်းဆီးခံရတယ်၊ သူ့ကိုဘယ်လို ညှင်းပန်းနှိပ်စက်ကြတယ်ဆိုတာတွေ ကျွန်တော်တို့ကို ပြောပြတယ်။

အဲဒီအချိန်ကာလတွေမှာ ဒီစစ်အစိုးရရဲ့ မျက်နှာဖုံးနောက်ကွယ်က အစစ်အမှန်တွေကို ကျွန်တော်စတင်နားလည်လာနေခဲ့တဲ့အချိန်ပေါ့။ အဲဒီအချိန်တွေမှာ သေဆုံးမှုတွေရှိလာတိုင်း ပြည်သူတွေကလုပ်တယ်လို့သူတို့ကြေညာထားခဲ့တာတွေဟာ အမှန်တကယ်တော့ သူတို့ကျူးလွန်ထားခဲ့တာတွေဗျ။

ဒီရှမ်းပြည်နယ်အမတ်ကို ပုန်းအောင်းနေလျက်တွေ့သွားတာ။ သူတို့ ဒီအမတ်နေထိုင်ရာတိုက်ခန်းကို ဝင်ရောက်ပြီး အဆောက်အအုံတစ်ခုလုံးကိုမွှေနှောက်ပြီး သူ့ကိုဖမ်းဆီးလိုက်ကြတယ်။ သူ့ခေါင်းကိုရိုက်ပြီး လေးလွှာအဆောက်အအုံလှေကားတစ်လျှောက်တရွတ်ဆွဲလာခဲ့တာဗျ။ သူ့တို့ သူ့ကို ကားတစ်စီးထဲထည့်ပြီး စစ်ကြောရေးအခန်းကို ခေါ်ဆောင်သွားကြတယ်။

အဲဒီမှာ သူဟာ ခြောက်ရက်ကြာအောင် ချည်နှောင်ထားခံခဲ့ရတယ်။ သူ့ကို လက်ထိပ်လုံးဝ မဖြည်ပေးခဲ့ကြဘူး။ သူက ‘လက်ထိပ်က ကြပ်နေတယ်’လို့ ပြောလိုက်တိုင်း သူတို့က သူ့ခေါင်းနဲ့တိုက်ပြီး လက်ထိပ်တွေကို ပိုတင်းကြပ်အောင်လုပ်ကြတယ်။ သူ့ကို အစာအငတ်ထားပြီး ရေနည်းနည်းပဲပေးသောက်ပါတယ်။

သူက ကျွန်တော့်ကို လူတွေပုံစံအမျိုးမျိုးနဲ့ ရိုက်နှက်ခံရပုံ နဲ့ ကျွန်တော် ဂျိန်းစ်ဘွန်းလိုရုပ်ရှင်ကားတွေထဲမှာသာ မြင်ဖူးတဲ့ စစ်ကြောခံရပုံတွေကို ပြောပြခဲ့ပါတယ်။

သူပြောပြတဲ့ထဲက ဂျာနယ်လစ်တစ်ယောက် စစ်ကြောခံရတုန်းက စစ်သားတွေက သူ့အပေါ် ဂတ်စ်မီးသေနတ်သုံးပြီး ဖုန်းလော့ခ်ဖြေခိုင်းတာဗျ။

သူတို့ဟာ ဒီလူတွေကို အဓိပ္ပာယ်မဲ့အကြောင်းပြချက်တွေနဲ့ စစ်ကြောကြ၊ ညှင်းပန်းနှိပ်စက်ကြတာ။ ဒီ NLDအမတ်လိုမျိုးဆိုရင် မဲခိုးပါတယ်လို့ အတင်းအကြပ် ဝန်ခံခိုင်းခဲ့ကြတာ။ သူမလုပ်ခဲ့တာတော့အရှင်းကြီးပါပဲဗျာ။ ဒါပေမယ့် ‘ဟုတ်ပါတယ်။ ကျွန်တော်မဲသူခိုးပါ။’ လို့ ပြောရတဲ့လမ်းကလွဲလို့ ရွေးချယ်စရာမကျန်ခဲ့တော့ရှာပါဘူး။

သူ့ကို အဆက်မပြတ် ရိုက်နှက်တာ။ နောက်တော့ ကျွန်တော့်ကို ဒီမနှစ်မြိုဖွယ် စစ်ကြောရေးပုံစံတွေအားလုံးကို ပြန်ပြောပြခဲ့ပါတယ်။”

Shwe Lan Ga LayComment