အပိုင်း (၁၅) : မြန်မာပြည်မှ ကိုဗစ်-၁၉ : နားခိုရာ

မြန်မာပြည်မှ ကိုဗစ်-၁၉” အခန်းဆက်ရဲ့ ပဉ္စမပိုင်းသို့ ရောက်လာပါပြီ။ အခုချိန်ထိ ကျနော်တို့ တင်ဆက်ခဲ့သမျှ ဒေသခံဗမာတို့ အသံများ၊ အမျိုးသမီးများရေးရာ၊ သံဃာတော်များရေးရာနှင့် ပြည်ပပြန်လည်ထွက်ခွာသူများ စတဲ့အကြောင်းအရားများနဲ့ တင်ဆက်ပြီးခဲ့ပါပြီ။ ဒီနေ့အပိုင်းကတော့ “နားခိုရာ” ခေါင်းစဉ်နဲ့ ဖြစ်ပါသည်။

ဒီအခန်းဆက်ရဲ့အရင်ပိုင်းက မြန်မာပြည်မှ ထွက်သွားခဲ့တဲ့သူ လေးဦးရဲ့ အကြောင်းဖြစ်ပြီး အခုပိုင်းကတော့ ကူးစက်ရောဂါပျံ့နေချိန် မြန်မာပြည်မှာပဲနေပြီး ကပ်ရောဂါကျော်လွှားဖို့ ဆုံးဖြတ်ချက် ချထားတဲ့သူများ အကြောင်းပဲဖြစ်ပါတယ်။ ဗမာပြည်မှာ ဆက်နေဖို့ သူတို့ဆုံးဖြတ်တဲ့ ရည်ရွယ်ချက်တွေ မတူကြပါဘူး။ တယောက်ကတော့ ရန်ကုန်က ဒေသခံအဖော်နဲ့ အတူနေဖို့ ဆုံးဖြတ်ထားပြီး၊ အထက်မြန်မာပြည်မှာ တရားအားထုတ်နေတဲ့  တယောက်ကတော့ ဓမ္မပတ်ဝန်းကျင်က ခွဲခွာလိုစိတ်မရှိတာကြောင့်ရယ်၊ နောက်တယောက်ကတော့ ချို့တဲ့သူများကို အစားအသောက်ထောက်ပံ့တဲ့ ကုသိုလ်ဖြစ် အလုပ်နဲ့ အလုပ်ကို ကွပ်ကဲဖို့ရယ်နှင့် နောက်ဆုံးတယောက်ကတော့ ဂရုစိုက်ရမည့် ဇနီး၊ သမီးလေးနဲ့ Golden Retriever ခွေးလေးတကောင်တို့အတွက် ဒီမှာနေခဲ့ဖို့ ဆုံးဖြတ်ချက်ချလိုက်ရတာက သူတို့အတွက် ခက်ခဲတဲ့ ရွေးချယ်မှုပါပဲ။ 

ကူးစက်မှု စတင်ချိန်မှ ဂျူလိုင်လလယ်ထိ မှတ်တမ်းအရ ၃၃၁ယောက် တွေ့ရှိထားတဲ့ မြန်မာပြည်က သိပ်ဆိုးဆိုးရွားရွား မထိခိုက်သေးပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေခံစနစ် အားနည်းမှုကြောင့် တကယ်တမ်းကူးမယ်ဆိုရင် ဆုံးရှုံးမှုများနိုင်ကြောင်း စိုးရိမ်စိတ် ကြီးကြီးမားမား ရှိပါသေးတယ်။ ဗမာတွေကလည်း ရောဂါကူးစက်မှုကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြပြီး အစိုးရမှလည်း နိုင်ငံခြားသား ဧည့်သည်များကို အောက်တိုဘာအထိ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။ အခုဧည့်သည် လေးယောက်တို့လည်း မမြင်နိုင်တဲ့ ကပ်ဘေးအလားအလာကို ကြောက်ရွံ့မှုများရှိနေပြီး ဘာဆက်လုပ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ချထားကြပါတယ်။

ဆွီဒင်ယောဂီ Hampus Haraldsson က ဒီနှစ် မြန်မာပြည်ကို အလည်လာပြီး ဗုဒ္ဓဘာသာ လေ့လာရေး၊ တရားစခန်းနဲ့ သင်တန်းများ တက်ရောက်ဖို့ စီစဉ်ထားခဲ့ပါတယ်၊ ကပ်ရောဂါ စတင်ချိန် ပြင်ဦးလွင် ချမ်းမြေ့မြိုင်ကျောင်းမှာ မေတ္တာသင်တန်း တက်ရောက်နေပါတယ်။ 

Sa Ba Street Food Tours ကို တည်ထောင်သူ Marc Shortt ကတော့ သူ့ရဲ့အစားအသောက်ကို မြတ်နိုးတွယ်တာမှုကြောင့် ဒီလုပ်ငန်းကို လုပ်ကိုင်တာဖြစ်ပါတယ်။ ရန်ကုန်မှာ လုပ်ငန်းတွေရပ်ဆိုင်းလာတာနဲ့အမျှ ဒေသခံ ဈေးသည်တွေရဲ့ အရင်းအနှီးတွေ ထိခိုက်ဆုံးရှုံးလာနေတယ်ဆိုတာ သူက သတိထားမိပါတယ်။ ဒါကြောင့် ရန်ပုံငွေရှာဖွေပြီး ဒီဈေးသည်တွေဆီကနေ ဝယ်ယူအားပေးကာ ရန်ကုန်မြို့ထဲနှင့်လှည်းတန်းရှိ အထောက်အပံ့ချို့တဲ့သူများထံ လှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့ထောက်ကူလုပ်ငန်းကို ကူညီချင်ရင် သူ၏ Instagram၊ Facebook နှင့် ကိုယ်ပိုင်စာမျက်နှာတွင် သွားရောက်ကြည့်ရှုလို့ ရပါတယ်။

ဆရာကြီးဦးဘခင်နည်းအတိုင်း လေ့လာအားထုတ်သူ ဩစတီးယန်းယောဂီ Jochen Meissner က ဒလနှင့်ချင်းပြည်နယ်တို့မှာ တောင်တက်ခြင်းနှင့် စက်ဘီးစီးလေ့လာရေးခရီးစဉ်လုပ်ငန်း Uncharted Horizons ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့အလုပ်နဲ့ စတင်လုပ်ကိုင်နေတဲ့ ကုသိုလ်ဖြစ်လုပ်ငန်းများကို လေ့လာဖို့ သူ့ရဲ့ Facebook စာမျက်နှာနှင့် ဝဘ်ဆိုက်မှာ ကြည့်ရှုနိုင်ပါတယ်။

Wandering Mediators အဖွဲ့ကို တည်ထောင်သူ အမေရိကန်ယောဂီ Matthew Schojan က ရန်ကုန်ရှိ Alliance Francaise မှာလည်း ပုံမှန်အားထုတ်တဲ့ အဖွဲ့အစည်းကို ဦးဆောင်နေပါတယ်။ စိတ်ကျန်းမာရေးနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူတယောက်အနေနဲ့ ကပ်ရောဂါကြောင့် အကျိုးသက်ရောက်မှုများကို တွေ့မြင်ရကြောင်းနဲ့ ရန်ကုန်မှာပဲ မိသားစုနဲ့ ခွေးကလေးနဲ့အတူ နေမယ်လို့ ဆုံးဖြတ်ထားပါတယ်။

Shwe Lan Ga LayComment