အပိုင်း (၂) သဘာဝ ဆရာတော် ဗမာ ဘုန်းတော်ကြီး၊ သဘာဝ အဖွဲ့အစည်းကို တည်ထောင်သူ။


အဖွင့်အနေနဲ့ သဘာဝဆရာတော်က အတ္ထုပ္ပတ္တိနဲ့ ကျောင်းစတင်ခဲ့ပုံ ပြောပြပါသည်။ သဘာဝရိပ်သာ အနေနဲ့ လုပ်ငန်းရပ်တွေကို ပြည်တွင်းမှာ စတင်ခဲ့ပေမဲ့ အခုတော့ ပြည်ပအထိ ပျံ့နှံ့နေပြီး ဘယ်ကဘယ်လို စတင်ခဲ့သလဲဆိုတာကို သရုပ်ဖော် ဆွေးနွေးထားတာ ဖြစ်ပါသည်။

မြန်မာပြည်ဖွား ဖြစ်သော်ငြားလည်း ဆရာတော်၏ မိသားစုမှာ တရုတ်ပြည်ကြီးမျိုးရိုး ဖြစ်သောကြောင့် နိုင်ငံသားအခွင့်အရေးများကို အပြည့်အဝ မခံစားခဲ့ရ။ ဤသည်မှာ ဆရာတော်၏ အိပ်မက်ဖြစ်သော အဆင့်မြင့် ပညာရေးအတွက် အတားအဆီးဖြစ်သောကြောင့် စတိုးဆိုင် လုပ်ငန်းဖြင့် စတင်အသက်မွေးခဲ့ပါသည်။ မြန်မာပြည်၌ စွန့်ဦးအသက်မွေးဝမ်းကြောင်းသူတွေ အလွန်မှ ရှားပါးသေးသော ထိုစဉ်အခါ၌ ဆရာတော်သည် စီးပွားရေးတွင် အတော်လေး အောင်မြင်ခဲ့သော်လည်း - စိတ်ဖိစီးမှုများလာတာကြောင့် တရားအားထုတ်ဖို့ ဖြစ်လာခဲ့ပါသည် (၂၇း၃၀)။ အစပိုင်းတွင်မူ ဓမ္မဇောတိ ဝိပဿနာရိပ်သာ၌ မိုးကုတ်၊ သဲအင်းနည်းများဖြင့် လေ့လာ အားထုတ်ခဲ့ပြီး ဆရာကြီးဦးဂိုအင်ကာ နည်းအားဖြင့် ရဟန်းဘဝသို့ ရောက်ရှိဖို့ တွန်းအားဖြစ်စေခဲ့သည်။  

သဘာဝဆရာတော်၏ အဦးဆုံးသော တရားရိပ်သာသည် ရန်ကုန်မြို့ထဲရှိ လူနေအိမ်အဆောက်အဦတခု၏ အခန်းအားလုံးပေါင်းမှ ထက်ဝက်ခန့် နေရာယူခဲ့ပြီး (၅၈း၂၀) နောက်ပိုင်းမှာတော့ ရန်ကုန်မြစ် တဘက်ကမ်း သန်လျင်၌ အလှူရရှိထားသော မြေလွတ်နေရာသို့  ပြောင်းရွှေ့ခဲ့သည်။ ဆရာတော်၏ ဦးဆောင်မှုနှင့် နောက်လိုက် တပည့်အနည်းငယ်တို့က တိုးပွားလာနေတဲ့ ဒုက္ခသည်များနှင့် လူ့အသိုင်းအဝိုင်းတွင် မဝင်ဆံ့သူများကို စတင် စောင့်ရှောက်မှုများပေးခဲ့ကြသည်။ အခုဆိုရင် သဘာဝရိပ်သာရှိ စေတနာ့ဝန်ထမ်းများ၏ စောင့်ရှောက်ပေးမှုအပေါ်မှာ လုံးလုံးမှီခိုနေရတဲ့ လူဦးရေမှာ ထောင်နဲ့ချီကာ ရှိလာပြီဖြစ်သည်။ ဒီလို  ကျောင်းဘုန်းကြီးတပါးရဲ့ သမာရိုးကျမဟုတ်တဲ့ လုပ်ငန်းစဉ်၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပုံစံမျိုးမှ ကွဲထွက်တဲ့ တည်ထောင်မှုကြောင့် အုပ်ချုပ်ရေးပိုင်းမှ အကြီးကဲသံဃာတော်နှင့်တကွ ဆရာတော်အား မောင်းထုတ်လိုသော အစိုးရအာဏာပိုင်အဖွဲ့နှင့် ဆရာတော်တို့ကြား အခြေအတင် ဖြစ်ခဲ့ကြသည်(၁း၂၉း၀၀)။ အဆုံးသတ်မှာတော့ တိုင်းပြည် ပွင့်လင်းလာချိန်လည်း ဖြစ်သလို အထူးသဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်တွေကြောင့် သဘာဝရိပ်သာ တည်တံ့ရေးအတွက် စိုးရိမ်မှုမှ ကျော်လွန်ခဲ့ပြီး တိုးတက်မှု အခန်းသစ် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

အသံဖိုင်အဆုံးတွင် မြန်မာပြည်တွင် ရဟန်းအဖြစ် တောရဆောက်တည်ဖူးသော Zach Hessler သည် Joah နှင့်အတူ သဘာဝရိပ်သာအကြောင်း ကို သုံးသပ်တင်ပြထားပါသည် (၁း၄၀း၀၀)။ ဆရာတော်၏ စရိုက်သည် စံထိုက်တဲ့ ဓလေ့ထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှုမှ ကွဲထွက်နေကြောင်း မှတ်ချက်ပေးခဲ့ကြပါသည်။ Joah သည် ဆရာတော်၏ ပညာလိုလားမှုအပေါ် ၁၉ရာစုမှ ပေါ်ထွန်းခဲ့သည့် ဗမာဘုန်းတော်ကြီး - လယ်တီဆရာတော်ကြီးနှင့် နှိုင်းယှဉ်ပြထားပြီး၊ Zach ကတော့ ဆရာတော် စွဲကိုင်ထားသော ကုသိုလ်ကောင်းမှု၏ စွမ်းအားအပေါ် နက်ရှိုင်းသော ယုံကြည်မှုကို မှတ်ချက်ပေးထားပါသည်။

သဘာဝကျောင်းကို ဒီမှာ https://thabarwa.org/ ကြည့်ရှုနိုင်ပါသည်။