Stop Australian Mining's Support for Myanmar's Military Junta

Join our mission to propel the Australian government into action! We're rallying to urge Minister for Foreign Affairs Penny Wong and Assistant Minister Tim Watts to issue sanctions against Myanmar's mining sector, a critical move to disrupt the flow of funds to the military junta, and stop Australian-owned and led companies providing direct and indirect support to the junta through mining activities.

This campaign is about more than sanctions; it's about standing in solidarity with human rights and ending Australian complicity in Myanmar's ongoing oppression.

Did you know that Justice For Myanmar found that 10 Australian companies are still active in Myanmar since the 2021 coup? They support the junta through shared profits and tax contributions and provide essential services that keep the mining sector active.

Tell Minister Wong you want Australia to Sanction Myanmar Mining!

သြစတြေးလျသတ္တုတူးဖော်ရေးမှ အကြမ်းဖက်စစ်တပ်ကို ပံ့ပိုးတာကို ရပ်တန့်ပါ။

သြစတြေးလျအစိုးရကို တွန်းအားပေးရန် ကျွန်ုပ်တို့၏လုပ်ဆောင်ချက်တွင် ပူးပေါင်းပါဝင်ပေးပါ။ သြစတြေးလျပိုင်နှင့် ၄င်းတို့ဦးဆောင်သောကုမ္ပဏီများသည် သတ္တုတွင်းတူးဖော်ခြင်းလုပ်ငန်းကဏ္ဍမှတစ်ဆင့် စစ်အာဏာရှင်တို့အား တိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းဖြင့် ပံ့ပိုးပေးနေသည့် ကုမ္ပဏီများကို ရပ်တန့်ရန်နှင့် အကြမ်းဖက်စစ်တပ်ထံ ရန်ပုံငွေ စီးဆင်းမှုကို တားမြစ်ရန် အရေးကြီးသည့် လုပ်ရပ်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Penny Wong နှင့် လက်ထောက်ဝန်ကြီး Tim Watts တို့အား မြန်မာ့သတ္တုတွင်းကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။

ဤလှုပ်ရှားမှုသည် ပိတ်ဆို့အရေးယူမှုများထက် ပိုများပါတယ်။ လူ့အခွင့်အရေးနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်ခြင်းနှင့် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ဖိနှိပ်မှုများတွင် ဩစတြေးလျ၏ ပါ၀င်ပတ်သက်မှုကို အဆုံးသတ်ရန် အကြောင်းဖြစ်ပါတယ်။

Justice For Myanmar မှ 2021 ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသော သြစတြေးလျနှင့် ဆက်စပ်ကုမ္ပဏီ ၁၀ ခုကို ဖော်ထုတ်ထားသည်ကို သင်သိခဲ့ပါသလား။ ၎င်းသည် အမြတ်အစွန်းနှင့် အခွန်ဆိုင်ရာ မျှဝေမှုများမှတစ်ဆင့် အကြမ်းဖက်စစ်တပ်အား ပံ့ပိုးကူညီပြီး သတ္တုတွင်းလုပ်ငန်းကဏ္ဍကို ဆက်လက်လည်ပတ်စေမည့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေပါသည်။

ဩစတေးလျမှ မြန်မာ့သတ္တုတွင်းကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် #SanctionMyanmarMining နိုင်ငံခြားရေးဝန်ကြီး Wong ကို ပြောပေးပါ။



မူရင်းစာ-

အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇ၀တ်မှုများကြောင့် မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် အကျပ်အတည်းသည် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုနှင့် အရေးယူမှုတို့ကို အရေးတကြီး တောင်းဆိုလျက်ရှိသည်။

Justice For Myanmar ၏ 'လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော သတ္တုတွင်းများ' အစီရင်ခံစာတွင် သြစတြေးလျ သတ္တုတူးဖော်ရေး ကုမ္ပဏီ ၁၀ ခု၏ လုပ်ဆောင်ချက်များသည် အကြမ်းဖက်စစ်တပ်အား တိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းဖြင့် ပံ့ပိုးကူညီနေခြင်းဖြစ်ပြီး ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်ပေါ်စေသည် ဟု ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်းကဏ္ဍသည် အာဏာသိမ်းစစ်တပ်အတွက် ဘဏ္ဍာရေး အသက်သွေးကြောဖြစ်သည်။ ဤသြစတြေးလျကုမ္ပဏီများသည် အာဏာသိမ်းစစ်တပ်၏ ပြည်သူလူထုအပေါ် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်မှုများဆက်လက်လုပ်ဆောင်ရန် အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ကူညီရုံသာမက အမြတ်အစွန်းနှင့် အခွန်ဆိုင်ရာ မျှဝေမှုများမှတစ်ဆင့် အကြမ်းဖက်စစ်တပ်အား ပံ့ပိုးကူညီပြီး သတ္တုတွင်းလုပ်ငန်းကဏ္ဍကို ဆက်လက်လည်ပတ်စေမည့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။

ဤလုပ်ဆောင်မှုများသည် အကြမ်းဖက်စစ်တပ်၏ ရာဇ၀တ်မှုများကို ပံ့ပိုးပေးရုံသာမက တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ နိုင်ငံတကာစံနှုန်းများကိုလည်း ချိုးဖောက်ရာရောက်ပါသည်။

ဤမတရားမှုများကို ဆန့်ကျင်ရန် သြစတြေးလျမှ ဦးဆောင်ပြီး မြန်မာ့သတ္တုတွင်းကဏ္ဍရှိ အဓိကပုဂ္ဂိုလ်များလူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်တပ်အား ငွေကြေးထောက်ပံ့မှုကို ထိထိရောက်ရောက် တားမြစ်ဖြတ်တောက်နိုင်ပြီး

ဤဖိနှိပ်အကြမ်းဖက်သောစစ်တပ်တွင် သြစတြေးလျကုမ္ပဏီများ၏ ပါဝင်ပတ်သက်မှုကို ရပ်တန့်သွားစေနိုင်သည်။ သြစတြေးလျသည် မြန်မာလူမျိုးများအတွက် အရေးကြီးသော ပြောင်းလဲမှုကို ဖန်တီးနိုင်သည်။

Shwe Lan Ga LayComment