A Monk's Last Poem
We received the following submission from a trusted local source, who has asked for anonymity.
Yesterday, 70 houses in a village located just north of my home town were burned to ash by the junta's forces. We saw photos of houses in flames and the bodies of a 13-year old boy named Maung Pyae Phyo Oo and a 67-year old woman named Daw San Kyi who were killed by random artillery fire from the military. One Buddhist monk, named Ashin Dhamma-Vīra, was a native of this village. I have translated a poem he wrote after this horrific event:
"Today, my mother's house in my village was burned!
I'm a monk, so what can I do, except to go on alms-round to feed my parents?
Just knew it: the neighbors called and told me.
My parents told them not to tell their son,
"Let him serve the Sāsanā in peace!"
Oh! Parents!
*When I called, the uneducated but honest,
A woman of Anyar (Upper Myanmar),
Whose only learning came at a monastery,
Answered calm, unshaken.
(Is she just trying to act calm in front of her monk son?)
She said,
"Everything is impermanent!"
"I only miss the stone-carved Buddha Statue,
And the money saved for my funeral,
So my two sons will not have trouble
Donating to 30 monks."
"I will die as a monk's mother."
Oh, Mom!
"I could not bring anything with me. No time, my son."
Just in the clothes on her body.
Oh, my mother, who has been through kidney surgery!
How did she run? She would have been tired!
I could only give her a short discourse:
"Mom, Lord Buddha said,
People cry when they suffer from disease,
When they lose their loved ones,
When they lose their wealth.
But, these losses don't take one to hell.
People don't cry. When people lose morality,
When they lose their true beliefs,
These two losses take one to hell!"
Mom said, "Sādhu. Sādhu. Sādhu. My son!"
She said, "Don't worry about us, my son!
We can survive and make a life.
You just stay in the Sāsanā, please.
Just work for the Sāsanā, please!"
I promised, "Yes, mom, yes!"
So does our Anyar love the Enlightened One's Sāsanā!
We value it this much!
ယနေ့ရွာက အမေ့အိမ်လေးမီးထဲပါသွားပြီတဲ့။
ကျွန်ုပ်ကရဟန်း မိဘနှစ်ပါးကိုဆွမ်းခံကျွေးရုံကလွဲလို့
ဘာများတတ်နိုင်ဦးမှာလဲ။
အိမ်မီးထဲပါသွားတဲ့အကြောင်း ဘေးကအသိတွေက
ဖုန်းဆက်ပြောလို့သာသိရ၏။မိဘနှစ်ပါးကတော့
သူ့သားဦးဇင်းကိုမပြောကြပါနဲ့။
သာသနာမှာ စိတ်အေးအေးချမ်းချမ်းနဲ့
သာသနာအလုပ်ပဲကောင်းကောင်းလုပ်ပါစေတဲ့။
သြော်....... မိဘဆိုတာ ဒီလိုလား။
ကျွန်ုပ်ဖုန်းဆက်လိုက်တော့အတန်းပညာမတတ်
ဘုန်းကြီးကျောင်းစာသာတတ်တဲ့
တောသူမအညာသူမိခင်ကြီးက
မတုန်မလှုပ်တည်တည်ငြိမ်ငြိမ်ပင်။
(သူ့သားရဟန်းရှေ့မှာမို့ တည်ငြိမ်အောင်
ကြိုးစားပြနေသည်လားတော့မသိ)
အရာအားလုံးကသင်္ခါရပဲ ငါ့သားရယ်တဲ့။
အမေ နှမျောမိတာက
အိမ်ကဘုရားကိုယ်ပွားကျောက်ဆင်းတုတော်ရယ်
အမေသေရင် ငါ့သား(၂)ယောက်
အမေ့ဈာပနအတွက်အခက်အခဲမဖြစ်ရအောင်
အမေ့ဈာပနမှာ သံဃာအပါး(၃၀)စာအတွက်
စုထားတဲ့ပိုက်ဆံလေးတွေ မီးထဲပါသွားတာပဲနှမျောတာပါတဲ့။
အမေကဘုန်းကြီးမယ်တော်ဆိုတဲ့စိတ်နဲ့သေမှာတဲ့။
သြော်....... အမေဆိုတာ ဒီလိုလား။
ဘာမှယူချိန်မရဘူးငါ့သားရေ
အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်ပြေးခဲ့ရတာ။
အင်း(၆၇)နှစ်အရွယ်ငါ့မိခင်ကြီး
ကျောက်ကပ်တစ်ခုကလည်းခွဲထုတ်ထားရရှာတယ်။
ဘယ်လိုများပြေးပါလိမ့် မောရှာပေလိမ့်မည်။
ကျွန်ုပ်ကားတိုတိုတုတ်တုတ်ပင်တရားဟောလိုက်၏။
အမေ မြတ်စွာဘုရားကဟောတယ်
အနာရောဂါတွေဖြစ်တဲ့အခါ
ချစ်တဲ့သူတွေသေတဲ့အခါ
ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရူံးတဲ့အခါ
လူတွေက ငိုကြတယ်။
ဒါပေမဲ့အဲ့ဒီပျက်စီးတာတွေကအပါယ်မကျဘူးတဲ့။
ကိုယ်ကျင့်တရားပျက်စီးတဲ့အခါ
မှန်ကန်တဲ့အယူတွေပျက်စီးတဲ့အခါကျ
လူတွေက မငိုကြဘူးတဲ့။
ဒီနှစ်ခုပျက်စီးမှ အပါယ်ကျမှာတဲ့။
သာဓု သာဓု သာဓုပါ ငါ့သား။
ငါ့သား အမေတို့အတွက်မပူနဲ့
အမေတို့က ရှာစားနိုင်သေးတယ်။
သာသနာမှာပဲ ကောင်းကောင်းနေ
မြတ်စွာဘုရားသာသနာအတွက်ပဲအလုပ်လုပ်ပါ။
ဟုတ် အမေ ဟုတ်။
ကျွန်ုပ်တို့အညာကား မြတ်စွာဘုရားသာသနာကို
ဤသို့ချစ်ကြပါသည် ဤမျှတန်ဖိုးထားကြပါသည်။
မေတ္တာဖြင့်
ဓမ္မဝီရအသျှင်(ခင်မွန်)