ဦးဇင်းတစ်ပါးဆီမှပန်ကြားလွှာ : တရားမျှတစွာစီရင်ခြင်းအားနှိုးဆော်ချက်
Earlier this week a monk in Myanmar expressed his concern about the current situation. The following is the Burmese version of this post.
တစ်ခါတစ်ရံလူတစ် ဦး သည်တိတ်ဆိတ်စွာမနေနိုင်တော့ပါ၊ မိမိ၏လုံခြုံရေးအတွက်အမည်မသိလိုသောမြန်မာဘုန်းတော်ကြီးတစ်ပါးရေးသားခဲ့သောအောက်ပါစာသားကိုကျွန်ုပ်တို့စိတ်အားထက်သန်စွာကြိုဆိုပါတယ်။ အောက်ပါစာသည်ဘုန်းကြီးတစ်ပါးသည်ကမ္ဘာပေါ်မှစွန့်ခွာမည်ဟူသောကတိကဝတ်များကိုဆက်လက်ကျင့်သုံးနိုင်ပြီးခိုင်မာသောကျင့်ဝတ်ဆိုင်ရာရပ်တည်ချက်ကိုလိုအပ်သလိုလိုအပ်သောနေရာတွင်သူ၏ကိုယ်ကျင့်တရားဆိုင်ရာအခွင့်အာဏာကိုဆက်လက်ကျင့်သုံးနိုင်ပုံ၏အားကောင်းသောဥပမာဖြစ်သည်။ ဤဘုန်းကြီးကိုသူ၏ရဲစွမ်းသတ္တိနှင့်အမြင်အာရုံအတွက်ကျွန်ုပ်တို့အလွန်ချီးကျူးဂုဏ်ပြုပါသည်။ ဤအချိန်တွင်ကျွန်ုပ်တို့၏စင်မြင့်ပေါ်မျှဝေလိုသောအခြားသူများကိုလည်းကြိုဆိုပါတယ်။
မင်္ဂလာပါ။ ဂုဏ်သရေရှိလူကြီးမင်း အပေါင်းတို့,, လူကြီးမင်းတို့ရဲ့အကူအညီကို ကျွန်ုပ်တို့ လိုအပ်နေပါပြီ။
အခုဆိုရင် မြန်မာရဲတပ်ဖွဲ့ နဲ့ မြန်မာစစ်တပ်ဟာ သူပုန်၊ အမျိုးသားရေးသစ္စာဖောက်၊ အာဏာရှင် ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ ရောက်နေပါတယ်။
လွန်ခဲ့တဲ့ နိုဝင်ဘာလ(၈)ရက်ရဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဟာ တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါတယ်။ စစ်တပ်နောက်ခံ အတိုက်အခံပါတီက ရွေးကောက်ပွဲမှာ ရှုံးခဲ့ပြီးနောက် မဲရလဒ်မှာ မသမာမှုတွေရှိတယ်လို့ NLD အစိုးရကို သက်သေအထောက်အထားမရှိဘဲ စွပ်စွဲခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမဆုံး ကျင်းပမယ့် ယခုနှစ်ရဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာပဲ ဗိုလ်ချုပ်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ (သမ္မတ နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်) လွှတ်တော်အမတ်တွေကို အင်အားသုံး ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် စီးပွားရေးအကြံပေး ဖြစ်သူ သြစတြေးလျနိုင်ငံသား Sean Turnell လည်း ဖမ်းဆီးခံရပါတယ်။
စစ်တပ်ဟာ ထို (သမ္မတ နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်) လွှတ်တော်အမတ်တို့အတွက် ရှေ့နေ့များနဲ့ ဆက်သွယ်ခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။
ထိုနေ့အတွင်းမှာပဲ အာဆီယံ(အရှေ့တောင်အာရှနိုင်ငံများအသင်း) နဲ့ ယူကေနိုင်ငံတို့ဟာ ထိုအာဏာသိမ်းမှုကို ရှုံ့ချကြောင်း တရားဝင်စာ ထုတ်ပြန်ခဲ့ကြပါတယ်။ ထို့နောက်မှာ အမေရိကန်နိုင်ငံ၊ ကုလသမဂ္ဂ(UN)၊ ဘယ်လ်ဂျီယံ၊ သြစတြေးလျ၊ အိန္ဒိယ နဲ့ ချက်ခ်ရီပတ်ဘလစ်နိုင်ငံတို့ဟာလည်း ထိုအာဏာသိမ်းမှုကို ရှုံ့ချကြောင်း အသီးသီးစာထုတ်ပြန်ကြပါတယ်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှာကျင်းပခဲ့တဲ့ UN အစည်းအဝေးတိုက်ရိုက်ထုတ်လွှင့်မှုမှာ ကျွန်ုပ်တို့တွေ့မြင်ခဲ့ကြရတဲ့အတိုင်း ကမ္ဘာတနံတလျားက နိုင်ငံပေါင်းများစွာဟာ ထိုအာဏာသိမ်းမှုကို ရှုံ့ချပြီး ဖမ်းဆီးထားတဲ့ လွှတ်တော်အမတ်တွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ကိုယ်စားပြုကော်မတီဖြစ်တဲ့ CRPHရဲ့အဆိုအရ ဒီစစ်တပ်ရဲ့အာဏာသိမ်းမှုဟာ နိုင်ငံတော်ပုန်ကန်မှုမြောက်ပြီး သေဒဏ်ချမှတ်ခံရနိုင်မယ့် ပြစ်ဒဏ်ရှိပါတယ်။
ဒီစစ်အာဏာရှင်အသစ်ဟာ နိုင်ငံတစ်ဝန်းလုံးကို ရက်အတန်ငယ်ကြာအောင် အင်တာနက်ဖြတ်တောက်မှုတွေပြုလုပ်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ နေ့စဉ်နေ့တိုင်း မနက်ပိုင်းမှာ အင်တာနက်ဖြတ်တောက်လျက်ရှိပါတယ်။ ထောင်ပေါင်းများစွာသော ရာဇဝတ်သားတွေကို ထောင်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြည်သူတွေ နေထိုင်တဲ့ အိုးအိမ် ကို ထိပါးအနိုင်ကျင့်ဖို့ (လုယက်ခြင်း၊ မီးကွင်းပစ်ခြင်း၊ ရေရင်းမြစ်များမှာ အဆိပ်ခတ်ခြင်းတို့ကို) အခပေးခိုင်းစေခဲ့ပါတယ်။ ဒါကိုပဲ မငြိမ်မသက်ဖြစ်တယ်ဆိုပြီး ပုဒ်မ-၁၄၄ မာရှယ်လော (Martial Law) ခေါ် စစ်ဥပဒေအရ အာဏာကျင့်သုံးမှုစနစ်ကိုကြေညာခဲ့ပါတယ်။ အခုရက်ပိုင်းတွေမှာ စစ်တပ်ဟာ မရှိဆင်းရဲသားတွေကို အခကြေးငွေပေးပြီး စစ်တပ်ကိုထောက်ခံကြောင်း ဆန္ဒပြခြင်း နဲ့ လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ခြင်းတို့ကို ခိုင်းစေခဲ့ပါတယ်။ (ဓါးများ၊ သံတုတ်များ၊ လေးခွများဖြင့် အမှုပြုခဲ့ကြပါတယ်၊ လူတစ်ယောက်ကို ပွဲချင်းပီးအသေထိုးသတ်ခဲ့ပါတယ်။)
ဆေးရုံအမှုထမ်းတွေရဲ့ ဆန့်ကျင်ဆန္ဒပြရာမှစပြီး နိုင်ငံတနံတလျားမှာ အစိုးရဝန်ထမ်းများနဲ့ ပြည်သူပေါင်းသန်းချီပါဝင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ စက်ရုံများ၊ ဘဏ်များဟာလည်း ဒီနေ့အချိန်ထိ ပိတ်ထားလျက်ရှိပြီး စစ်တပ်မှ တိုင်းပြည်ဘဏ္ဍာငွေနဲ့ တခြားသောအရင်းအမြစ်များကို အလွဲသုံးစားအသုံးမချအောင် ကာကွယ်နေကြပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်ဖို့ ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို ခိုင်းစေခဲ့ပြီး၊ အခုချိန်မှာ (ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်) လူငယ်လူရွယ် (၈)ယောက်သေဆုံးပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ မိမိဆန့်ကျင်ကြောင်း ဆန္ဒကိုထုတ်ဖော်ပြောကြားမှုကြောင့် လူပေါင်း (၇၀၀)ကျော်ဟာ ထောင်သွင်းအကျဉ်းချခံရလျက်ရှိပါတယ်။ (ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ၁၀၀၀ ရှိပြီဟုသိရပါသည်။)
ပြည်သူတွေဟာ ရွေးကောက်ပွဲအသစ်ကို အလိုမရှိကြပါ။ ပြည်သူတွေဟာ ဆန္ဒပြနေရခြင်း (သို့မဟုတ်) တစ်ဘက်လူကိုအပြစ်ပေးရခြင်းကို အလိုမရှိကြပါ။ မြန်မာပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်တွေ အချုပ်အနှောင်မှ ပြန်လည်လွတ်မြောက်လာတာကိုသာ အလိုရှိကြပါတယ်။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်ပြီးတော့ ယုံချင်ယုံ မယုံချင်နေ ဒီ သူပုန်၊ အမျိုးသားရေးသစ္စာဖောက်၊ အာဏာရှင် ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာကိုင်းရှိုင်းသူတစ်ဦးဖြစ်ပါတယ်။ သူဟာ ဗုဒ္ဓဘာသာအထိမ်းအမှတ်သင်္ကေတတွေကို ရိုသေပြီး အထူးနာမည်ရ ဘုန်းကြီးတွေကို ကိုးကွယ်ပါတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်တစ်ယောက်သာ ထူးထူးခြားခြား ဒါမျိုးလုပ်တာမျိုး မဟုတ်ပါဘူး။ မြန်မာဗိုလ်ချုပ်တွေအားလုံးနီးပါးဟာ ဘုန်းကြီးတွေကိုးကွယ်၊ ဗုဒ္ဓအဆုံးအမကို နားထောင်ကြပါတယ်။ ပြဿနာက သူတို့တွေက ဗုဒ္ဓအဆုံးအမကို မလိုက်နာကြပါဘူး။
နားပဲထောင်ကြပါတယ်။
မြန်မာဘုန်းကြီးတစ်ပါးဖြစ်တဲ့၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးများမှာ မြန်မာနိုင်ငံကိုယ်စားပြုတွေထဲက တစ်ဦးဖြစ်တဲ့ သီတဂူဆရာတော်ဟာ မြန်မာစစ်တပ်အဖွဲ့အစည်းရဲ့ အထူးကိုးကွယ်ယုံကြည်မှုကို ခံရပါတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ သီတဂူဆရာတော်ကို ကိုးကွယ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းက ဆရာတော်ရဲ့ ပြုမှုလုပ်ဆောင်မှုတွေအပေါ် တစ်စုံတစ်ရာ သင်္ကာမကင်းဖြစ်နေကြပေမဲ့ မြန်မာလူမျိုးများစွာကတော့ ယုံကြည်ကိုးကွယ်ကြပါတယ်။ သီတဂူဆရာတော်ကို ကိုးကွယ်သူတစ်ဦးက ဖေ့စ်ဘုတ်မှာ အကြံပေးထားတဲ့အတိုင်း ဆရာတော်မှ စစ်တပ်အဖွဲ့အစည်းကို ဆုံးမသတိပေးပြီး သူတို့ရဲ့လုပ်ပုံကိုင်ပုံကို ပြင်ပြီး လူကောင်းတွေဖြစ်လာစေဖို့ ဆုံးမသင့်ကြောင်း အကြံပေးခဲ့ပါတယ်။
ဘုန်းကြီးတွေမှာ စစ်တပ်အပေါ် အာဏာမရှိပါဘူး။
စစ်တပ်ရဲ့အာဏာသိမ်းမှုမတိုင်ခင် ရက်အနည်းငယ်က နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ချုပ်ဆရာတော်ကြီးများက စစ်တပ်ခေါင်းဆောင်များကို ဗုဒ္ဓအဆုံးအမ မေတ္တာတရားကို ကျင့်သုံးလိုက်နာဖို့ သြဝါဒပေးခဲ့ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးတုန်းက မြန်မာစစ်တပ်ဟာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို သွားရောက်ခဲ့ပြီး ဘုန်းကြီးတွေအားလုံးကို ထွက်လာစေကာ ကျောင်းတိုက်နံရံနဲ့ ဘုန်းကြီးတွေရဲ့ ခေါင်းကို တိုက်ခဲ့ပါတယ်။ အဲ့ဒီ ၂၀၀၇ တော်လှန်ရေးမှာ စစ်တပ်ဟာ ဘုန်းကြီးအပါး ၅၀ကျော်ကို သတ်ဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီနေ့မှာ ဘုန်းကြီးတွေဟာ စစ်တပ်ကို ဆုံးမသတိပေးခြင်း၊ အပြစ်တင်ခြင်းတွေအတွက် ချင့်ချိန်နေကြပါတယ်။
သူတော်ကောင်း အရိယာတွေရဲ့အဆုံးအမဆိုတာ ကျွန်ုပ်တို့ဘဝမှာလိုက်နာကျင့်သုံးမှသာ ကောင်းကျိုးတွေရရှိတာပါ။ ကျွန်ုပ်ဟာ မည်သူ့ကိုမှ မထိခိုက်စေလိုပါဘူး။ ကျွန်ုပ်တို့ဟာ မကောင်းမှုတွေကို ရှောင်ကြဉ်သလို တခြားသူတွေကို မကောင်းမှုမှ ရပ်တန်းကရပ်နိုင်အောင်လည်း အားပေးကူညီပါတယ်။ လူကြီးမင်းတို့အနေနဲ့လည်း ဒီအကြောင်းအရာများကို အများသိအောင် ဖြန့်ဝေပေးခြင်း သြဇာလွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်တွေကို ပြောပြခြင်းဖြင့် မြန်မာနိုင်ငံကို ကူညီနိုင်ပါတယ်။ ၂၀၀၇တော်လှန်ရေး အောင်မြင်ခဲ့တာက နိုင်ငံတကာမှ ဖိအားပေးခဲ့လို့သာ ဖြစ်ပါတယ်။
အခု အလားတူ အကူအညီကို ကျွန်ုပ်တို့ ထပ်မံ လိုအပ်နေပါတယ်။