Lee Coup

Q: “ခင်ဗျားက သီချင်းတွေပဲ လုပ်နေရုံပဲမဟုတ်ဘူးနော်။ သီချင်းတွေအကြောင်းကျွန်တော်တို့မပြောခင်.. ခင်ဗျား ဗီဒီယိုတွေ နဲ့ အန်နီမေးရှင်းတွေလည်းလုပ်နေသေးတယ်နော်။ ဒီဟာတွေကို ကျွန်တော်တို့နားဆင်သူတွေကို ကြည့်ရှူဖို့ တိုက်တွန်းပါတယ်။ ပြီးတော့ ခင်ဗျားခေါင်းထဲကနေမထွက်တဲ့ ရုပ်ပုံတွေတချို့အပေါ်အခြေခံပြီး ဒီဗီဒီယိုတွေကို ခင်ဗျားဘယ်လိုမျိုး ဖန်တီးခဲ့တယ်ဆိုတာ ခင်ဗျားပြောသွားခဲ့ပါတယ်။ ဒါကြောင့် အဲဒီရုပ်ပုံတွေအကြောင်း နည်းနည်းလောက် ခင်ဗျားပြောပြနိုင်မလား? ခင်ဗျားမြင်ခဲ့တဲ့ အဲဒီ စိတ်ဒဏ်ရာရစရာ၊ ဒုက္ခသုက္ခတွေကို စေ့စေ့ကြည့်ပြီး ခင်ဗျားကိုယ်ပိုင်ဂီတအတွက် ဘယ်လိုမျိုး ပြန်အသုံးချခဲ့သလဲ?”

882021: “သေချာတာပေါ့။ ပထမဆုံးအချက်အနေနဲ့ ကျွန်တော့်ဘဝမှာ အဲဒီလောက် လူသေအလောင်းတွေအများကြီး မမြင်ဖူးခဲ့ဘူး။ အထူးသဖြင့် မတ်လ၊ ဧပရယ်လလိုမျိုး အစောပိုင်းကာလတွေမှာ ကျွန်တော် ဖေ့ဘွတ်၊ အင်စတာဂရမ်ကို ကြည့်တိုင်း လူသေအလောင်းတွေအများကြီး တပ်အပ်မြင်ခဲ့ရတယ်။ ဒီအဖြစ်က ကျွန်တော်ကို အင်မတန်ဒေါသထွက်စေခဲ့ပါတယ်။ ဒေါသဖြစ်လွန်းလို့ ကျွန်တော့်ဒေါသကို ဖော်ပြနိုင်ဖို့အတွက် အနုပညာပုံစံတရပ်အဖြစ်နဲ့ ဒေါသဖောက်ထုတ်ဖြစ်ခဲ့တာပါပဲ။”

Shwe Lan Ga Lay